Unicode & Zawgyi
Unicode
ရေတောင်မချိုးနိုင်ဘဲပြေးထွက်ခဲ့တဲ့ဂျီမင်းဟာကားကိုမိုင်ကုန်မောင်းလို့သူတို့နှစ်ယောက်ရဲ့နိဗ္ဗာန်ဘုံလေးရှိရာဆီအပြေးပြန်လာခဲ့ရှာတယ်။နေမကောင်းဘူးလို့ကြားတော့တစ်ဆက်ဆက်တုန်ယင်လာတဲ့စိတ်နှလုံးကမင်းလိုသစ္စာမဖောက်နိုင်ခဲ့ရှာဘူး။ခြံတံခါးကိုတွန်းဖွင့်ကာအိမ်ထဲဝင်လာတော့မှန်တွေကာရံထားတဲ့အိမ်အတွင်းပိုင်းဧည့်ခန်းလေးထဲကဆိုဖာပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့မင်းကိုမြင်လိုက်ရတော့သေမတတ်ပဲ။
မှန်တံခါးအဖြူလေးကိုတွန်းဖွင့်ကာဝင်လိုက်တော့အဖြူရောင်ဆိုဖာထက်မှာအိပ်ပျော်နေတဲ့မင်းမျက်နှာလေးဖြူဖျော့နေတာကိုမြင်ရတော့နှလုံးသားတစ်ခုလုံးရဲ့သွေးလည်ပတ်မှုတွေရပ်တန့်သွားသလိုပဲ။လောကကြီးကမတရားလိုက်တာလို့အော်မနေတော့ပါဘူး။ကိုယ့်အပေါ်သစ္စာပျက်ခဲ့တဲ့သူကိုစိတ်မနာနိုင်လောက်တဲ့အထိအချစ်ကြီးခဲ့မိတဲ့ငါ့ကိုယ်ကိုငါပဲအပြစ်တွေပုံချလိုက်ပါတော့မယ်။
"ဆော့ဂျင်"
လက်ဖဝါးတင်ထားတဲ့နဖူးလေးကကိုယ်ငွေ့လေးရှိနေတာမို့ဂျီမင်းသေမတတ်ပါပဲ။အလယ်တန်းကတည်းကအတူတူရှိခဲ့ကြတယ်။အထက်တန်းမှာတစ်အိမ်တည်းနေတဲ့သူငယ်ချင်းတွေအဖြစ်ပြောင်းလဲခဲ့တယ်။လုပ်ငန်းခွင်ကိုယ်စီဝင်ခဲ့တဲ့အချိန်မှာတော့အဖြူရောင်သံယောဇဉ်တွေကြားထဲသက်တန့်ရောင်လေးခြယ်မှုန်းခဲ့ကြတယ်။ဒီလိုသံယောဇဉ်တွေကြီးမားခဲ့တဲ့ငါတို့နှစ်ယောက်ကကြားလူတစ်ယောက်ကြောင့်ပဋိပက္ခတွေဖြစ်နေကြတာမြင်မကောင်းလိုက်တာဆော့ဂျင်ရာ။
"မောင်"
နဖူးပေါ်တင်ထားတဲ့လက်ကိုဆုပ်ကိုင်ပြီးရင်ခွင်ထဲဝင်လာတဲ့သူကြောင့်ပုခုံးကနေသိမ်းဖက်ပြီးခေါင်းလုံးလုံးလေးပေါ်မျက်နှာအပ်ထားမိသည်။ဝမ်းနည်းခြင်းကြောင့်ကျဆင်းလာတဲ့မျက်ရည်တစ်စက်ဟာလည်းထိုကောင်လေးရဲ့ခေါင်းလုံးလုံးလေးပေါ်ကြွေကျသက်ဆင်းသွားသည်။မင်းကသစ္စာမဲ့ခဲ့တဲ့သူလို့ဉီးနှောက်ကအော်ဟစ်သတိပေးနေပေမယ့်မင်းကိုဖက်တွယ်ထားတဲ့လက်တွေကိုဖယ်မချနိုင်ခဲ့သလို၊ရင်ခွင်ထဲကမင်းကိုလည်းဆွဲမထုတ်နိုင်ခဲ့ဘူး။ငါကဒီလောက်အထိမင်းနဲ့ပတ်သတ်လာရင်ပျော့ညံ့အားနည်းပါတယ်ဆော့ဂျင်ရယ်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]