Unicode & Zawgyi
Unicode
လမ်းလျှောက်နေခဲ့တယ်။ထွေရာလေးပါးမြင်မြင်သမျှဟာမလှပ။ကော်ဖီဆိုင်ကနေထွက်လာတဲ့တစ်လျှောက်လုံးတွေးနေမိတာကမင်ယွန်းဂီဆိုတဲ့သူ့အစ်ကို။
ငယ်ငယ်ကတည်းကကွဲသွားတဲ့အဖေ့နောက်ပါသွားတဲ့သူဟာမင်ယွန်းဂီဆိုတဲ့အကိုကိုမမှတ်မိပါ။ရှင်းရှင်းပြောရရင်'မင်ယွန်းဂျယ်'ဆိုတဲ့သူ့နာမည်အရင်းကိုတောင်မမှတ်မိခဲ့ပါ။
သေခါနီးမှပြောခဲ့တဲ့အကိုတစ်ယောက်ရှိနေသေးတယ်ဆိုတဲ့အဖေ့ရဲ့စကား။ထုတ်ပေးခဲ့တဲ့အသည်းတစ်ခြမ်းပါဆွဲကြိုးလေး။ဒါလေးကိုအခြေပြုလို့မင်းအကိုကိုရှာပါတဲ့။ဒါကြောင့်အလယ်တန်းတက်ကတည်းကကိုရီးယားကိုပြန်လာခဲ့ပြီးရှာဖွေနေခဲ့တဲ့အကိုဟာမေ့ပစ်လိုက်တော့မယ်ဆိုကာမှမျက်စိရှေ့တည့်တည့်ရောက်နေခဲ့သည်လေ။
ဘယ်လောက်တောင်ရင်နာဖို့ကောင်းလဲ။ကိုယ့်အစ်ကိုရင်းတစ်ယောက်ကယောက်ဖဖြစ်သူမနာကျင်ရလေအောင်ညီအရင်းကိုမေ့ပစ်လိုက်ဖို့ပြောတဲ့ကိစ္စက။ဂျွန်ဟိုဆော့ကိုမေ့ပစ်လိုက်ပါတဲ့။ဘယ်လိုနည်းနဲ့လဲ။ဂျွန်ဂျောင်ကုလို့ခေါ်တဲ့လူငယ်လေးကဒူးထောက်မတတ်တောင်းပန်ခဲ့တာကိုတောင်လျစ်လျူရှုပြီးမကယ်တင်နိုင်ခဲ့တဲ့သူကအစ်ကိုရင်းရဲ့ခင်ပွန်း။တစ်နည်းပြောရရင်ကိုယ်ရဲ့ယောက်ဖ။
ပြသနာတွေဖြေရှင်းပြီးငြိမ်းချမ်းပြီထင်ခဲ့ပေမယ့်ပြန်လည်ပတ်သက်လာတဲ့အတိတ်တွေ။ဆုတောင်းပါရဲ့။နောက်ဘဝမှာတော့အတိတ်နှောင်ကြိုးများမှလွတ်မြောက်ပါစေလို့။
"အင်း......ဂျီမင်း.....ငါမလာဖြစ်လောက်တော့ဘူး.....ဆိုင်သွားရမှာမို့"
တကယ်တော့ဆိုင်သွားစရာမလိုပါ။ဂျီမင်းရဲ့မျက်နှာကိုမမြင်ချင်ခြင်းကြောင့်သာလိမ်လိုက်ရခြင်းဖြစ်သည်။ဂျီမင်းရဲ့မျက်နှာကိုမြင်တိုင်း၊တစ်စုံတစ်ယောက်ကိုတွေးမိပြီးအားနာနေခဲ့လို့။သေမလောက်ကြီးတဲ့အပြစ်ကိုကျူးလွန်းပြီးမျက်နှာပြောင်ပြောင်နဲ့လောကကြီးထဲဆကိနေခဲ့မိလို့။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]