Unicode & Zawgyi
Unicode
နေသာနေတဲ့ဆိုးလ်ရဲ့နံနက်ခင်းအချိန်ခါ။ပုံမှန်အမြန်နှုန်းနဲ့မောင်းနှင်နေတဲ့ဆိုင်ကယ်တစ်စီး။Helmetအောက်ကမျက်လုံးတစ်စုံသည်တောက်ပလျှက်ရှိသည်။သာယာသောရာသီဉတုကြောင့်ပေလား၊သို့မဟုတ်အချစ်ကြောင့်ပေလားမသိ။
ဂျောင်ကုကိုယ်တိုင်သိနေပါသည်။သူဆော့ဂျင်ကိုချစ်နေမိတယ်ဆိုတာ။လုယူဖို့အစီအစဉ်တော့မရှိပါဘူး။သို့ပေမဲ့စောင့်နေမည်။ယုတ်မာစွာနဲ့ချစ်သူနှစ်ဉီးကွဲကွာစေရန်ဆုမတောင်းပါ။အကယ်၍များသာထွက်လာခဲ့ချင်ရင်......အင်း.......မင်းအရမ်းချစ်တဲ့ချစ်သူရဲ့ရင်ခွင်ထဲမှာနေရတာငြီးငွေ့လာရင်ကိုယ့်ရင်ခွင်ထဲနားနေနိုင်အောင်အဆင်သင့်ဖွင့်ပေးရုံပါ။
နှုတ်ခမ်းဖူးဖူး၊ပါးဖောင်းဖောင်းလေးနဲ့ကောင်လေးကမြင်ကွင်းထဲဝင်ရောက်လာတဲ့အခါမှာတော့ပြုံးမိသွားသေးသည်။ချစ်စရာကောင်းပြီးဖြူစင်လိုက်လေခြင်း။သူ့ကိုပိုင်ဆိုင်ထားရတဲ့သူဟာတကယ်ကံကောင်းပါတယ်။
ဆော့ဂျင်အကြောင်းတွေးနေတာကြောင့်ဆိုင်ကယ်ရှေ့ဖြတ်ပြေးတဲ့ကလေးလေးကိုမမြင်လိုက်။ဘရိတ်ကိုအချိန်မှီအုပ်လိုက်နိုင်တဲ့အပြင်အရှိန်မပါတာကြောင့်နှစ်ယောက်လုံးဘာမှဖြစ်မသွား။
"တောင်းပန်ပါတယ်နော်.....ကလေးကဘောလုံးနောက်လိုက်ပြီးဆိုင်ကယ်ကိုမမြင်လိုက်လို့ပါ"
အမေဟုထင်ရတဲ့အမျိုးသမီးကြီးရဲ့တောင်းပန်စကားကိုခေါင်းငြိမ့်ပြီးသာတုံ့ပြန်လိုက်ပြီးထိုနေရာမှထွက်လာခဲ့လိုက်သည်။ခေါင်းထဲတွင်လည်းဘာမှန်းမသိတဲ့ပုံရိပ်တွေကအစီအရီ။ခေါင်းကလည်းထိုးကိုက်လာတာမို့လမ်းဘေးတွင်ထိုးရပ်လိုက်ရသည်။
မှောင်နေခဲ့တယ်။ဘာမှန်းမသိတဲ့အရာလေးကဖြတ်ပြေးသွားခဲ့တယ်။ဆိုင်ကယ်လဲခဲ့တယ်။ဒီအထိပါပဲ။ရုတ်တရက်ရောက်လာတဲ့မှတ်ဉာဏ်ရဲ့အတိုင်းအတာဟာဒီလောက်ပါပဲ။
ဒါကြောင့်ထိုးရပ်ထားတဲ့ဆိုင်ကယ်လေးကိုမောင်းထွက်လာခဲ့ပြီးလိုရာခရီးကိုသာဆက်လျှောက်ခဲ့သည်။သူ့ရှေ့ကဖြတ်ပြေးသွားတဲ့အဖြူရောင်အပိုင်းအစလေးဟာဘယ်သူများလဲဆိုတာတော့သိချင်မိပါသေးသည်။ဖြည်းဖြည်းချင်းငါမင်းအနားတိုးကပ်လာခဲ့မယ်......အဖြူရောင်လေး။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]