Episode:6

1.8K 221 13
                                    

Unicode & Zawgyi

Unicode

နှစ်နှစ်အတွင်းဘာမှပြောင်းလဲမှုမရှိတဲ့မွေးရပ်မြေကိုကြည့်ရင်းယွန်းဂီအိမ်သို့ဆက်လျှောက်ခဲ့လိုက်သည်။ဒီနေရာလေးဟာမွေးရပ်မြေဖြစ်သလိုသူနဲ့စတင်တွေ့ဆုံရာလေးဖြစ်သဖြင့်ဘယ်အချိန်ပဲပြန်လာပြန်လာကြည်နူးမှုကိုခံစားမိနေဆဲ။

အိမ်ရှေ့ကခြံတံခါးပုလေးကိုဖွင့်ကာဝင်သွားမိတော့မိဘအိမ်ဆိုသည့်အသိကနွေးထွေးမှုကိုပေးဆဲ။အိမ်ရှေ့ဧည့်ခန်းမှာဝင်းလျားမှောက်ပြီးစာကြည့်နေတဲ့အထက်တန်းကျောင်းသူလေးမင်ယွန်းဂျီ။

"ဉီးလေးမင်.....ဉီးလေးမင်မို့လား"

"မင်ယွန်းဂျီ.....နင့်ဉီးလေးနင်မမှတ်မိတော့ဘူးလား"

"အဘွားရေ.....ဉီးလေးမင်ပြန်လာပြီ"

အနောက်ခန်းထဲကိုလှမ်းအော်လိုက်တော့ထွက်လာတဲ့အမျိုးသမီးတစ်ယောက်။ယွန်းဂီရဲ့အမေ။ကိုယ့်ကိုတွေ့တွေ့ချင်းပြေးဖက်လိုက်တဲ့သူကြောင့်ယွန်းဂီလည်းအလိုက်သင့်ပြန်ဖက်ထားလိုက်သည်။

"သားရယ်.....ပြန်လာမယ်ဆိုလည်းကြိုကြိုတင်တင်လေးပြောရောပေါ့"

"အမေတို့အင်ချွန်းထိလာကြိုနေရမှာစိုးလို့မပြောတော့တာ.....ဂျောင်ကုကိုတောင်မပြောဘူး"

"အဲ့ကလေးရောအဆင်ပြေရဲ့လား......ဟိုဆော့လေးကိစ္စပြီးကတည်းကအဆက်အသွယ်တွေပျက်သွားလိုက်တာ"

"သူအဆင်ပြေပါတယ်"

ယွန်းဂျီလေးကပါလာတဲ့အထုတ်တွေကိုအိပ်ခန်းထဲသို့ပို့ဆောင်ပေးနေသည်။ယွန်းဂီကတော့အမေနဲ့ဧည့်ခန်းမှာခဏဝင်ထိုင်လိုက်သည်။

"ကျွန်တော်အင်္ဂလန်ကိုပြန်မသွားတော့ဘူးအမေ"

"အပြီးပြန်လာတာလား.....ကောင်းပါတယ်ကွယ်......အနည်းဆုံးတော့နိုင်ငံရပ်ခြားမှာရောက်နေတဲ့သားကိုစိတ်ပူစရာမလိုတော့တာပေါ့"

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now