Episode:9

1.5K 197 9
                                    

Unicode & Zawgyi

Unicode

"ထယ်ထယ်.......ဂျီဂျီ"

ကျောင်းပေါက်ဝမှာစောင့်နေတဲ့ကျွန်တော်တို့နှစ်ယောက်ဆီလက်လေးပြပြီးပြေးလာတဲ့သူ။ဂျီမင်းကတော့ကြည့်နေလိုက်တာရွန်းရွန်းပပ။သူ့မျက်လုံးထဲမှာအတိုင်းသားမြင်နေရတဲ့ချစ်ခြင်းတွေ။အင်း.....ကျွန်တော့်အတွက်မဟုတ်တဲ့သူ့ရဲ့အချစ်မေတ္တာတွေပေါ့။

"ဘာလို့ပြေးလာတာလဲဂျင်ရာ......ချော်လဲကုန်တော့မှာပဲ"

ချွေးလေးစို့နေတဲ့နဖူးပြင်လေးကိုအသန့်အရှင်းကြိုက်တတ်လွန်းပါတယ်ဆိုတဲ့ဂျီမင်းကိုယ်တိုင်သုတ်ပေးနေတာသူ့ကျောင်းဝတ်စုံလက်ဖျံနဲ့။

"ငါနောက်ကျနေပြီထင်လို့ပေါ့ကွ......ထယ်ရော့......မင်းအတွက်စတော်ဘယ်ရီတွေ"

ရေဆေးထားပုံရတဲ့စတော်ဘယ်ရီနီရဲရဲလေးတွေဟာအကြည်ဘူးလေးထဲမှာတောက်ပနေတာ။သူပေါ့......ကင်ဆော့ဂျင်လို့ခေါ်တဲ့သူငယ်ချင်းဟာကျွန်တော့်အတွက်ဆိုပြီးယူလာပေးတတ်တဲ့စတော်ဘယ်ရီဘူးလေးတွေ။

"ကျေးဇူးပါ"

"မနက်ကအစောကြီးထပြီးစျေးထဲသွားဝယ်ထားတာ"

"Aigoo.....ငါ့သူငယ်ချင်းလေးကချစ်ဖို့ကောင်းလိုက်တာ"

Big eaterလေးရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲဖဲ့လိုက်တော့ရီပြလာတဲ့အပြုံးနုနုကမြင်ရသူအပေါင်းရဲ့ရင်ကိုအေးမြစေသည်။တကယ်ပါ.....ကျွန်တော့်သူငယ်ချင်းလေးကသူမတူအောင်ချစ်ဖို့ကောင်းတာ။သူလေးကအားလုံးရဲ့အချစ်ခံလေးလေ။အဲ့ဒီအထဲမှာဂျီမင်းကတော့ထိပ်ဆုံးကပေါ့။

"ငါ့အတွက်ရော......"

ဆော့ဂျင်မျက်နှာရှေ့လက်ခံပေးထားတဲ့ဂျီမင်း။အဲ့ဒီအချိန်တုန်းကတော့သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ကိုပဲမုန့်ဝယ်ကျွေးလို့သဝန်တိုတာလို့ငါထင်ခဲ့မိတာ။ဘယ်ဟုတ်မလဲ။မင်းကအဲ့ဒီအချိန်ကတည်းကဆော့ဂျင်အပေါ်ကိုအရောင်တွေပြောင်းလဲနေခဲ့တာ။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now