Episode:29

1.6K 162 32
                                    

Unicode & Zawgyi

Unicode

"ဘာတွေလုပ်နေလဲဂျင်လေး"

မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေတဲ့ပုခုံးကျယ်ကျယ်နဲ့လူသားလေးကိုအနောက်ကနေဖက်တွယ်လိုက်တော့တစ်ချက်ပြုံးကာအုပ်မိုးထပ်ကိုင်လာတဲ့လက်တွေကြောင့်မျက်ရည်ကလည်လာရပြန်သည်။နှလုံးသားကိုတောင်လျစ်လျူရှုပြီးကိုယ့်ကိုရွေးချယ်ပေးခဲ့တဲ့ကောင်လေးငယ်ကိုကိုယ်ကစပြီးသစ္စာဖောက်လိုက်မိတယ်ဆိုတဲ့ခံစားချက်ကြီးကသွေးစိမ်းရှင်ရှင်ထွက်နေတဲ့ဒဏ်ရာပေါ်အရက်ပြန်နဲ့လောင်းချလိုက်တဲ့အတိုင်းပဲ။နာကျင်ရတယ်။ဘဝတစ်သက်တာလုံးအတူတူရှိနေပါ့မယ်လို့ကတိတွေအထပ်ထပ်ပေး၊သစ္စာတွေအခါခါဆိုပြီးကာမှကိုယ်ကစသစ္စာဖောက်လိုက်မိသတဲ့။ငါမင်းကိုအားနာလိုက်တာဂျင်လေးရယ်။

ပုခုံးပြင်ကျယ်ကျယ်ကိုမှီတွယ်ကာအသံတိတ်ငိုကြွေးနေမိတော့ထပ်ကိုင်ပေးထားတဲ့လက်ချောင်းဖြူသွယ်သွယ်လေးတွေဟာတင်းကြပ်သွားပြီးခေါင်းလုံးလုံးလေးကိုလည်းနောက်ပြန်လှန်ကာတင်လာပေးသည်လေ။

"မောင်....ဘာတွေဖြစ်နေမှန်းမသိပေမယ့်အရမ်းပင်ပန်းလာရင်ငိုချလိုက်နော်"

ထိုအသံချိုချိုလေးနဲ့နှစ်သိမ့်မှုကိုကြားပြီးနောက်မှာတော့တားဆီးလို့မရတဲ့မျက်ရည်တွေဟာတာတမံကျိုးပေါ​က်သွားတဲ့တောင်ကျရေတွေလိုအလုအယက်ခုန်ဆင်းလာတော့သည်။ရှိုက်ကာရှိုက်ကာငိုနေတဲ့သူကိုသနားသွားလို့ထင်အနောက်ကိုလှည့်ကာရင်ခွင်ထဲထည့်ဖို့ကြိုစားနေတဲ့သူ့ရဲ့လက်တွေကိုဖယ်ရှောင်ကာအနောက်ကနေသာတင်းတင်းဖက်ထားလိုက်သည်။မျက်နှာကိုလည်းသူ့ကျောပြင်ထက်ဝှက်ကာရှိုက်ငိုနေမိသည်။ကိုယ်ကမင်းရဲ့ရင်ခွင်ထဲဝင်ဖို့တောင်မထိုက်တန်တော့ဘူးဂျင်လေးရဲ့။

"မောင်.....မောင်ကပဲတောင်းပန်ပါတယ်ဂျင်လေးရယ်.....မောင်တောင်းပန်ပါတယ်"

"ဘာတွေမှားလို့တောင်းပန်နေတာလဲမသိပေမယ့်ငါမင်းကိုအမြဲခွင့်လွှတ်ပြီးသားပါမောင်ရယ်"

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now