Unicode & Zawgyi
Unicode
"ကျွန်တော်တို့တွေ့ရအောင်ဂျောင်ကု"
ဖုန်းထဲဝင်လာတဲ့SMSတစ်စောင်ကြောင့်ဂျောင်ကုရဲ့ညနေခင်းbarသွားမယ့်အစီအစဉ်သည်ပျက်ရပြန်သည်။မသွားချင်၍လည်းမဖြစ်ပါ။ယွန်းဂီhyungကဂျောင်ကုကိုပြောပြသလိုထယ်ယောင်းကိုလည်းပြောပြမှာအသေချာ။ဒါကြောင့်ယွန်းဂီhyungကနေတစ်ဆင့်ငြင်းမနေဘဲကိုယ်တိုင်တိုက်ရိုက်စကားပြောလိုက်တာအဆင်ပြေမည်။ဒါကြောင့်အဝတ်တန်းချိတ်တွင်ရှိနေတဲ့jacketကိုဆွဲဖြုတ်ကာချိန်းထားသောနေရာဆီသို့ထွက်လာခဲ့လိုက်ပါတော့သည်။
"ဂျောင်ကု.....ကျွန်တော်ဒီမှာ"
လက်လှမ်းပြတဲ့သူဟာကော်ဖီဆိုင်ရဲ့ထောင့်စွန်းဝိုင်းလေးမှာနေရာယူနေတာဖြစ်သည်။ထို့ကြောင့်ထိုစားပွဲလေးထိလျှောက်သွားလိုက်ပြီးmenuလာချပေးတဲ့waiterလေးအားblack coffeeတစ်ခွက်သာမှာလိုက်သည်။ထို့နောက်jacketကိုဆွဲဆန့်ကာအရှေ့ကလူဆီအကြည့်ပို့မိတော့ငြိုးငယ်နေတဲ့မျက်လုံးတစ်စုံကြောင့်ဂျောင်ကုတောင်နည်းနည်းတွေဝေသွားသည်။ချစ်ရသူဆီကအငြင်းခံထားရတဲ့ကိုယ်ကတောင်သူ့ထက်တက်ကြွနေသလိုပင်။
"ထယ်ယောင်း......ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ"
"ယွန်းဂီhyungပြောတာကြားပြီးပြီနေမှာပေါ့.....အဲ့ကိစ္စတိုင်ပင်ရအောင်ခေါ်လိုက်တာပါ"
ဂျောင်ကုကြိတ်၍ဝမ်းသာမိသွားသည်။သူလည်းသေချာပေါက်ငြင်းမှာပင်။သူဂျီမင်းကိုချစ်နေတယ်ဆိုတာဂျောင်ကုသိနေတာပဲ။ဒါကြောင့်မချစ်တဲ့သူကိုလက်တွဲဖော်အဖြစ်မရွေးချယ်လောက်ဘူးဆိုတာကိုလည်းယုံကြည်သည်။
"ကျွန်တော့်ကိုလက်ခံပေးပါ"
သူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်သောက်နေတဲ့ကော်ဖီတောင်သီးချင်သွားသည်။အခုဘာပြောလိုက်တာလဲ။လက်ခံခိုင်းတာလား။သူ့ကိုလက်ခံခိုင်းလိုက်တာလား။
"ထယ်ယောင်းချစ်တာကျွန်တော်မှမဟုတ်တာ"
"ဂျီမင်းချစ်တာလည်းကျွန်တော်မှမဟုတ်တာ"
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]