Episode:7

1.6K 224 21
                                    

Unicode & Zawgyi

Unicode

မြက်ခင်းပြင်စိမ်းစိမ်းပေါ်ဖြာကျနေတဲ့နေရောင်ခြည်နုနု။ထို့မြက်ခင်းစိမ်းပေါ်မှာပေါက်ရောက်နေတဲ့ရောင်စုံပန်းပွင့်လေးတွေနှင့်ထိုပန်းပွင့်လေးရဲ့ဧည့်သည်တော်လိပ်ပြာလေးတွေ။

ထိုမြက်ခင်းစိမ်းပေါ်မှာလက်ချင်းတွဲကာလျှောက်သွားနေတဲ့လူနှစ်ယောက်။ဘယ်သူတွေလဲသေချာမသိပါ။ကူးလား။မဟုတ်ပါဘူး။ဒါကူးမှမဟုတ်ဘဲ။

"ကူး"

တိုးဖျဖျခေါ်လိုက်တဲ့ထိုအသံလေးကိုမကြားချင်ယောင်ဆောင်နေတဲ့သူတို့နှစ်ယောက်။ဉီးနှောက်မှတ်ဉာဏ်ထဲမှာတစ်ချိန်လုံးစိုးမိုးနေတဲ့သူနောက်တစ်ယောက်။

"မောင်"

ထိုအခါမှလှည့်ကြည့်လာသောသူ။ဖြာကျနေတဲ့နေရောင်ကမျက်နှာပေါ်တည့်တည့်ထိုးလာတာမို့မျက်နှာကိုကာထားလိုက်မိသည်။

"လုပ်ရက်တယ်......"

အသံကြားတာမို့သူ့မျက်နှာကိုကြည့်ရန်လက်ကိုဖယ်ဖို့ကြိုးစားပေမယ့်မအောင်မြင်။စူးရှနေသောနေရောင်သည်မျက်လုံးကိုမဖွင့်သာအောင်ကြိုးပန်းနေသလိုပင်။

"မင်းမို့လုပ်ရက်တယ်"

"မဟုတ်ဘူး.....မဟုတ်ဘူးလို့"

"မင်းမို့....."

"မဟုတ်ဘူး.....မဟုတ်ဘူးလို့!!!!!!!!"

အော်ဟစ်သံပြုကာနိုးလာတော့ဂျင်ရောက်နေတာကအိပ်ရာတစ်ခုပေါ်တွင်။ထိုအိပ်ရာကားကူးရဲ့အိပ်ရာ။ဆိုဂျူသောက်နေတဲ့ကူးကိုစောင့်ပေးရင်းအိပ်ပျော်သွားသဖြင့်အိပ်ရာထဲခေါ်ပေးလာပုံရသည်။

"ဂျင်အဆင်ပြေရဲ့လား....."

နဖူးစမှာထွက်နေတဲ့ချွေးတွေကိုသုတ်ပေးရင်မေးလာတဲ့သူ။ခေါင်းကိုအသာငြိမ့်ပြလိုက်ပေမယ့်ဂျင့်စိတ်တွေလေးလံနေသည်။မောင်ဆိုတဲ့သူဟာဘယ်သူလဲ။ဘယ်သူမို့လို့တစ်ချိန်လုံးအိပ်မက်ထဲရောက်ရောက်လာရတာလဲ။

LOVE MAZE ||KOOKJIN|| [Completed]Tempat cerita menjadi hidup. Temukan sekarang