Unicode & Zawgyi
Unicode
တီ~~တီ~~တီ
စားသောက်ဆိုင်ရဲ့ကောင်တာမှာထိုင်နေရင်းမြည်ဟီးလာတဲ့ဖုန်းသံကြောင့်ကိုင်ကာIDကိုကြည့်လိုက်တော့ရင်ဖိုလှိုက်မောခြင်းတွေ၊ဝမ်းနည်းဝမ်းသာမှုတွေအားလုံးဟာရောထွေး၍လာလေသည်။ဒါဟာတစ်လအတွင်းသူ့ဘက်ကစဖုန်းခေါ်ခြင်းပါ။အရာအားလုံးနဲ့အဝေးဆုံးကိုထွက်သွားဖို့ကြိုးစားနေတာမို့အကုန်လုံးကိုအဆက်အသွယ်ဖြတ်ခဲ့သည်။ဂျောင်ကုကလွဲ၍ပေါ့။ဒီတစ်လအတွင်းဂျောင်ကုနဲ့သူ့ရဲ့ဆက်ဆံရေးတွေတိုးတက်ခဲ့သည်။ယခုဆိုငယ်ငယ်ကတည်းကပေါင်းလာခဲ့တဲ့သူငယ်ချင်းအရင်းကြီးတွေလို့ခေါ်ပြောနိုင်ခဲ့ပြီ။သို့ပေမယ့်တကယ့်သူငယ်ချင်းအရင်းကြီးတွေကိုတော့အဆက်အသွယ်ဖြတ်ခဲ့တာကြာပါပြီ။ယခုလောလောဆယ်တော့ဆက်သွယ်လာတဲ့ဖုန်းကိုဖြေဆိုပေးရဉီးမည်။
"အင်း.....ဂျီမင်း"
"......."
"ဪ.....အင်း......လာခဲ့မယ်လေ"
"........."
"အေး.....ညနေပိုင်းလောက်လာခဲ့မယ်နော်"
ဘာကိုမှမလုပ်ချင်လောက်အောင်ညောင်းကိုက်နေပေမယ့်ခေါ်ဆောင်နေတဲ့သူကချစ်ရသူမို့အားတင်းကာသွားရပါဉီးမည်။ပင်ပန်းဇာတာသည်မွေးကတည်းကပါလာသည်ထင်။ကိုယ့်ကိုပိုးပန်းနေသူတွေအများကြီးရှိပါလျှက်နဲ့ကိုယ့်ကိုနှလုံးသားထဲမှာတောင်နေရာမပေးနိုင်တဲ့လူတစ်ယောက်ကိုမှစွဲစွဲလမ်းလမ်းချစ်နေမိတာ။ထိုအချစ်ကိုပဲစွဲစွဲလမ်းလမ်းဖြစ်နေခဲ့တဲ့ကိုယ့်ကိုကိုယ့်တစ်ခါတစ်လေတော့လည်းမုန်းမိသည်။
ယခုလောလောဆယ်တော့မန်နေဂျာလီကိုဆိုင်ပိတ်ဖို့သွားပြောပြီးလွယ်အိတ်ကိုယူကာTaxiတစ်စီးဖြင့်Moonလို့အမည်ရတဲ့ချစ်ရသူရှိရာရပ်ဝန်းဆီသို့။
ဆိုင်ပေါက်ဝတွင်တပ်ဆင်ထားတဲ့သစ်သားပန်းစင်လေးနဲ့ထိုစင်လေးပေါ်ပေါက်ရောက်တွယ်ကပ်နေတဲ့အစိမ်းရောင်နွယ်ပင်လေးများ။ထိုနွယ်ပင်စိမ်းစိမ်းလေးများကြားမှထိုးထွက်နေတဲ့ပန်းရင့်ရောင်အပွင့်နုပ်နုပ်လေးများ။ထိုနွယ်စင်ကြီးရဲ့ထိပ်မှာကပ်ထားတဲ့Moonဆိုတဲ့အအမည်နာမကိုကနုတ်များဖြင့်ပုံဖော်ထားပါသောသစ်သားဆိုင်းဘုတ်တစ်ခု။သစ်သားကိုသာအဓိကထားအသုံးပြုထားသောထိုဆိုင်လေးသည်ပိုင်ရှင်ကဲ့သို့အေးချမ်းလွန်းလှသည်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]