Episode:16

1.4K 187 23
                                    

Unicode & Zawgyi

Unicode

"ဆိုင်ကိုမနက်ဖြန်သွားမှာလားယောင်း"

အနေတော်လှီးထားတဲ့Steakပန်းကန်လေးကိုရှေ့ချပေးကာပြောလာတဲ့ဂျီမင်း။ယောင်း။အင်း....ယောင်းဆိုတာသူတစ်ယောက်ထဲခေါ်တဲ့နာမည်လေးပေါ့။ဂျင်လေးလိုထယ်မဟုတ်ဘဲယောင်းလို့ထူးထူးခြားခြားခေါ်တတ်တဲ့သူ။

အခုလည်းဆော့ဂျင်ရဲ့ဆိုင်ကိုဝင်ကာဝန်ထမ်းတွေနဲ့မိတ်ဆက်ပြီးလိုအပ်တာတွေလိုက်ကြည့်တာဖြစ်သည်။ဆရာဝန်မဖြစ်ခင်အချိန်ပိုင်းအချို့ဝင်လုပ်ဖူးတာမို့စီးပွားရေးအကြောင်းနားလည်းသင့်သလောက်နားလည်ပါသည်။

အခုတော့ဂျီမင်းနဲ့အတူရောက်နေတာကSteakဆိုင်။နေ့လယ်စာအတူလာစားကြခြင်းဖြစ်သည်။

ရှည်နေတဲ့ရှေ့ဆံပင်လေးကိုသပ်တင်နေတဲ့ကောင်လေးကိုစိုက်ကြည့်နေမိတဲ့သူ။လက်နဲ့မိမိရရတစ်ခါတည်းသပ်တင်ပစ်လိုက်တာမဟုတ်ဘဲလက်ဖဝါးလေးနဲ့ပင့်ပင့်တင်နေတဲ့ပုံကတကယ်ကိုချစ်စဖွယ်အတိ။တကယ်ပါ.....သူ့သူငယ်ချင်းလေးကတအားချစ်ဖို့ကောင်းတာ။

အစားစားခြင်းကိုနှောက်ယှက်နေတဲ့ရှေ့ဆံပင်တွေကိုအိတ်ထဲဆောင်ထားတတ်တဲ့ပန်း​ရောင်ကလစ်သေးသေးလေးနဲ့ထညှပ်ပေးလိုက်သည်။ထိုအခါပြူတူးကြောင်တောင်လုပ်နေပုံလေးကလည်းတမျိုးလေးချစ်ဖို့ကောင်းပါသည်။ထယ်ယောင်းကိုရတဲ့သူကအရမ်းကံကောင်းမှာပါ။

"ဒါဘယ်သူ့ဟာလဲဂျီမင်း"

"ဂျင်လေးဟာ.....သူကရှေ့ဆံပင်ရှည်တာအရမ်းမြန်လို့ဆောင်ထားတာ......ပန်းရောင်ကလည်းကြိုက်တတ်သေးတာ"

ရီရီမောမောပြောလာတဲ့သူ့စကားတွေဟာမြှားတစ်ချောင်းလိုပင်။နှလုံးသားထဲကိုထုတ်ချင်းပေါက်စိုက်ဝင်သွားလိုက်လေခြင်း။ဂျင်လေးပဲလား......မင်းရဲ့အတွေးထဲ၊ဉီးနှောက်ထဲ၊နှလုံးသားအားလုံးထဲမှာဂျင်လေးတစ်ယောက်တည်းလား။

စိတ်ပေါက်ပေါက်နဲ့တွယ်ညှပ်ထားသောကလစ်လေးကိုဆွဲဖြုတ်ပစ်လိုက်သည်။စိတ်အနှောက်အယှက်ပေးနေတယ်ထင်ရတဲ့ရှေ့ဆံပင်တွေကိုဆွဲချလိုက်ပြီးမျက်ရည်တွေကိုဖုံးကွယ်လိုက်သည်။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now