Unicode & Zawgyi
Unicode
ခပ်ထူထူအနွေးထည်ကုတ်အင်္ကျီကြီးကိုဝတ်ကာNight Standပေါ်တင်ထားတဲ့ဖုန်းနဲ့ပိုက်ဆံအိတ်ကိုဆွဲလို့အပြင်ကုထအလောတကြီးပြေးထွက်လာရသည်။လမ်းထိပ်ရောက်မှTaxiတစ်စီးကိုတားသော်လည်းအချိန်ဟာတော်တော်လင့်နေပြီမို့တစ်စီးမှရပ်မပေးကြ။လက်ထဲကိုင်ထားမိတဲ့ဖုန်းကိုတင်းတင်းဆုပ်ရင်းနဲ့ပင်ပူပန်နေတဲ့စိတ်အလုံးစုံဟာလည်းယောက်ယှက်ခတ်လို့နေပြန်သေးသည်။
တစ်အောင့်ကြာတော့မှရပ်ပေးလာတဲ့Taxiတစ်စီးပေါ်သို့တက်ကာဖုန်းကနေတစ်ဆင့်ဆက်သွယ်လာတဲ့WaiterလေးပြောပြလာသောBarရှိရာသို့မထွက်ခဲ့လိုက်တော့သည်။ကားပေါ်မှာလူကထိုင်နေပေမယ့်စိတ်အဟုန်ကတော့Barမှာလူမသိသူမသိအောင်သောက်ထားမယ့်ချစ်ရသူဆီသာပြေးလွှားလျှက်ရှိသည်။စီးလာတဲ့Taxiလေးကိုဆိုင်ရှ့မှာစောင့်ခိုင်ထားပြီးအတွင်းပိုင်းထဲသို့အပြေးဝင်ခဲ့လိုက်တော့ကြိုဆိုနေသည်ကမွှန်ထူနေတဲ့အရက်နံ့တွေ။ဉီးခေါင်းကိုဘယ်ညာလှည့်ကာရှာဖွေမိတော့မြင်လိုက်ရတဲ့အရိပ်လေးဟာထောင့်စွန်းဝိုင်းမှာနေရာယူလို့နေတယ်။ဘယ်လောက်တောင်သောက်ထားလည်းမသိပေမယ့်ပုလင်းခွံအလွတ်တွေကစားပွဲပေါ်မှာအပြည့်ပင်။
ရင်နာနာနဲ့ရပ်ကြည့်နေတုန်းမှာပင်ခေါင်းကငိုက်စိုက်ကျသွားတာမို့အပြေးသွားကာခုံစောင်းနဲ့တိုက်ခါနီးနေတဲ့ဉီးခေါင်းအောက်ကနေလက်ဖဝါးကိုဖြန့်ပြီးခံပေးလိုက်သည်။ယိမ်းထိုးချင်နေတဲ့ခန္ဓာကိုယ်ကိုပုခုံးကနေသိမ်းကာဖက်ထားလိုက်ပြီးထူပေးလိုက်သည်။ရင်ခွင်ထဲရောက်ရှိနေသောချစ်ရသူသည်မပွင့်သေးသောမျက်လုံးများကိုအတင်းပြူးပြဲကြည့်ကာပြုံးပြလာလေသည်။သို့ပေမယ့်မျက်ဝန်းထဲတည့်တည့်ကြည့်ကာခေါ်လိုက်တဲ့အမည်နာမကြောင့်နှလုံးသားတစ်ခုလုံးဟာလက်ကြမ်းဖြင့်ဆုတ်ခြေခံလိုက်ရသလိုအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။
"ဂျင်လေး"
ထိုနာမည်လေးကိုသာမည်တမ်းပြီးရင်ခွင်ထဲတွင်အိပ့ပျော်သွားသောချစ်ရသူအားကြည့်ပြီးမျက်ရည်လည်လာရသူဟာထယ်ယောင်းပင်။မျက်ရည်တွေကိုလွှတ်ချပေးရတာပင်ပန်းလာပြီမို့ခေါင်းကိုမော့ကာမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီးကျဆင်းချင်နေတဲ့အရည်ကြည်တွေအားလုံးကိုသိမ်းဆည်းလိုက်သည်။သူ့ခန္ဓာကိုယ်ကိုတွဲကာBarအပြင်သို့ခေါ်လာခဲ့ပြီးTaxiပေါ်သို့ထိုင်စေကာကိုယ်ပါဝင်ထိုင်လိုက်သည်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]