Unicode & Zawgyi
Unicode
မနက်မိုးလင်းကတည်းကတစ်ခန်းလုံးမွှေနှောက်နေသောဂျွန်ဂျောင်ကုတစ်ယောက်တော်တော်စိတ်ညစ်နေပြီဖြစ်သည်။စာအုပ်စင်၊အဝတ်ဗီရို၊Night standသာမကရေချိုးခန်းပါမကျန်မွှေနှောက်နေသော်လည်းရှာဖွေနေသောFileလေးသည်အပုန်းကောင်းနေဆဲ။အိပ်ရာပေါ်လှဲချလိုက်ပြီးမျက်နှာကြပ်ကိုမော့ကြည့်လိုက်တော့မှတစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်မတ်တပ်ထရပ်လိုက်မိသည်။မေ့နေတာကြပ်ခိုးခန်းကို။
ဒါကြောင့်စာအုပ်စင်ဘေးမှာထောင်ထားတဲ့လှေကားကိုယူလိုက်ပြီးကြပ်ခိုးခန်းဆီတက်သွားလိုက်သည်။အိပ်ရာခင်းစတောင်မရှိတဲ့အိပ်ရာခြေရင်းကနေကွေ့ပက်သွားလိုက်ပြီးအခန်းထောင့်မှာကပ်ထားတဲ့စက္ကူပုံးထဲကိုမွှေလိုက်တော့မှလှောင်ပြနေသယောင်ရှိတဲ့Fileအပြာရောင်လေး။တကယ်ပါပဲအရင်နှစ်ကတည်းကဟာတွေကိုဘာလို့အခုမှရှာခိုင်းနေတယ်မသိ။
ထွက်သွားဖို့ပြင်လိုက်ပေမယ့်ထိုFileလေးရှိရာပုံး၏အောက်တွင်ခံထားသောနောက်ထပ်စက္ကူပုံးပန်းရောင်လေးသည်အာရုံကိုဖမ်းစားသွားလေသည်။ထို့ကြောင့်Fileလေးနဲ့အတူထိုစက္ကူပုံးပန်းရောင်လေးကိုပါမခဲ့လိုက်ပြီးကုတင်ပေါ်ထိုင်လိုက်သည်။ပန်းရောင်ဆိုတော်ရုံတန်ရုံသုံးခဲသောဂျွန်ဂျောင်ကု၏ထပ်ခိုးခန်းတွင်ရှိနေသောပန်းရောင်စက္ကူပုံးသည်ဘာတွေများပါလိမ့်။
အသည်းပုံလေးတွေစီခြယ်ထားတဲ့အဖုံးကိုလှစ်လိုက်တော့ပထမဆုံးထွက်ပေါ်လာတာကအပြာရောင်ဆွယ်တာလေး။ဝေလငါးပုံလေးနှင့်ထိုဆွယ်တာလေးသည်ဂျောင်ကုဝတ်နေကျပုံစံမဟုတ်သလိုဂျောင်ကုsizeလည်းမဟုတ်။Yoongi hyungမှာလည်းဒီလိုဆွယ်တာမျိုးရှိတာမမြင်မိပါ။
ဘေးကိုပုံလိုက်ပြီးထုတ်ကြည့်လိုက်တော့polaridဓာတ်ပုံလေး။သို့သော်ဘယ်သူမှရှိမနေတဲ့ရုပ်ရှင်ရုံခုံတန်းလေးကိုရိုက်ယူထားတာဖြစ်သည်။Jkလို့ထိုးထားတဲ့လက်မှတ်လေးအရသူကိုယ်တိုင်ရိုက်ယူထားတာဖြစ်သော်လည်းဘာလို့ရိုက်လိုက်မိမှန်းမမှတ်မိတော့ချေ။ထို့ကြောင့်ထိုဓာတ်ပုံလေးအားဆွယ်တာလေးပေါ်တင်လိုက်ပြီးအောက်ဆုံးမှာခံနေတဲ့သားရေဖုံးဒိုင်ယာရီစာအုပ်လေးကိုယူလိုက်သည်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]