Episode:20

1.3K 168 17
                                    

Unicode & Zawgyi

Unicode

"ဟိုဆော့ရှိ.....အားတင်းထားပါနော်.....ကျွန်တော်တို့အတူတူဖြတ်သန်းန်ိုင်မှာပါ"

ဆေးရုံကုတင်ပေါ်မှာငြိုးငယ်စွာနဲ့ထိုင်နေသူဟာပြုံးပြလာတယ်။သူ့အပြုံးလေးကိုမြင်လိုက်ရတဲ့တစ်ခဏဟာလောကကြီးတစ်ခုလုံးထွန်းလင်းသွားသလိုပဲ။ဒါဟာဘာစိတ်နဲ့မှမဟုတ်ပါဘူး။အစ်ကိုတစ်ယောက်လိုချစ်မိတဲ့စိတ်နဲ့ပါ။

"ကျွန်တော့်အခြေအနေကျွန်တော်သိပါတယ်ဆရာရယ်......အသက်ရှင်ရမယ့်အချိန်ဘယ်လောက်မှမကျန်တော့ဘူးဆိုတာလည်းသဘောပေါက်ပါတယ်.....ဒါကြောင့်ကျွန်တော့်ကိုစိတ်ချမ်းသာအောင်ပြောပေးနေစရာမလိုပါဘူး"

ပြုံးရင်းနဲ့ပြောလာတဲ့သူဟာလောကကြီးထဲကနေမကြာခင်ထွက်ခွာသွားရတဲ့မယ့်သူတစ်ယောက်ဖြစ်တယ်။သို့ပေမယ့်တောက်ပလွန်းစွာပြုံးပြနေနိုင်သေးတဲ့သူဟာထယ်ယောင်းကိုတောင်ပြန်နှစ်သိမ့်နေသေးတယ်လေ။

"ဟိုဆော့ရှိကိုကျွန်တော်မေးမယ်နော်.....ညီလေးကိုတကယ်မပြောပြတော့ဘူးလား......အခြေအနေမှန်ကိုညီလေးလည်းသဘောပေါက်သင့်တယ်လေ"

အပြုံးတွေရုတ်ခြည်းပျောက်ကွယ်သွားသည်။ဉီးနှောက်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေသောသူသည်ညီလေးအားမပြောပြချင်ဟုဆိုကာရောဂါအခြေအနေမှန်အားလိမ်ပြောထားခဲ့သည်။အစ်ကိုတစ်ယောက်ကညီတစ်ယောက်အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကိုခံစားမိသဖြင့်ထယ်ယောင်းကူညီခဲ့မိခြင်းဖြစ်သည်။

"သူကအဝေးမှာတာဝန်ကျနေတာလေ......ကျွန်တော့်ကြောင့်နဲ့တော့အလကားစိတ်ပူမနေစေချင်ဘူး.....ပြီးတော့ကျွန်တော့်ကြောင့်နဲ့တာဝန်ကနေရပ်ဆိုင်းရတာတွေဘာတွေလည်းမဖြစ်စေချင်ဘူး......ကျွန်တော်ကညီလေးကိုတာဝန်သိတတ်တဲ့ယောင်္ကျားကောင်းတစ်ယောက်ပဲဖြစ်စေချင်တာ"

ထို့နေ့ကနေရာယူခဲ့တဲ့ဟိုဆော့မျက်နှာထက်ကအပြုံးတစ်ပွင့်ကိုထယ်ယောင်းဘယ်တော့မှမေ့မှာမဟုတ်။သေရတော့မည်ကိုသိပါလျှက်အပြုံးမပျက်လောကကြီးကိုရင်ဆိုင်သွားသောခဲ့သူသည်အစ်ကိုရင်းရဲ့ခင်ပွန်းတဲ့လား။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now