Episode:27

1.3K 174 51
                                    

Unicode & Zawgyi

Unicode

တိတ်ဆိတ်နေသောဤအခြေအနေကြီးကိုတကယ်မနှစ်မြို့။ခါတိုင်းစကားတွေ​ရေပတ်မဝင်အောင်ပြောနေတတ်သောဂျောင်ကုသည်ယခုအချိန်တွင်တော့စကားတစ်ခွန်းမှစမလာသလိုထယ်ယောင်းကိုတောင်တည့်တည့်မကြည့်။မျက်ခုံးနှစ်ဖက်ကိုထိလုမတတ်တွန့်ချိုးထားတဲ့အေးစက်စက်မျက်နှာပေးကြောင့်ပတ်ဝန်းကျင်လေထုတစ်ခုလုံးဟာမြောက်ဝင်ရိုးစွန်းရောက်နေသလိုပင်။ထယ်ယောင်းစားမယ့်စွပ်ပြုတ်ကိုသာအပြည့်အဝအာရုံစိုက်ထားတဲ့နောက်ကျောပြင်ကိုလှမ်းကြည့်နေရင်းကနေဝမ်းနည်းလာသည်။ကြည့်နေရင်းနဲ့ဂျောင်ကုပုံရိပ်တွေကဝေဝါးလာသည်။ထို့နောက်မှာတော့အလိုမတူပါပဲမျက်ရည်တွေသည်ဒလဟောကျဆင်းလာသည်။

ထိုအချိန်မှာပဲထယ်ယောင်းရှေ့ရောက်လာတဲ့အငွေ့တထောင်းထောင်းထနေတဲ့စွပ်ပြုတ်တစ်ခွက်။ပြီးတော့ဘေးနားကခုံကိုဆွဲထိုင်လိုက်တဲ့သူ။ထို့နောက်မျက်နှာပေါ်ကိုအုပ်ကိုင်လာတဲ့လက်ဖဝါးနွေးနွေးနဲ့မျက်ရည်​တွေကိုဖိသုတ်လာတဲ့လက်မတွေ။

"ငါဘာပြောရသေးလို့မင်းကငိုနေတာလဲ"

"ဂျောင်.....ဂျောင်ကု.....ငါ.....ငါလေ"

"အင်း.....ပြီးမှပြော.....အခုလောလောဆယ်တော့စွပ်ပြုတ်ကိုသောက်ရအောင်"

စွပ်ပြုတ်ပန်းကန်ကိုမကာဇွန်းလေးဖြင့်ခပ်ယူပြီးအပူဓာတ်လျှော့နည်းစေရန်လေအနည်းငယ်မှုတ်ရင်းပါးစပ်နားထိုးပေးလာတဲ့သူ။ငြင်းဆန်ချင်ပေမယ့်မျှော်လင့်တကြီးစောင့်စားနေတဲ့သူ့ကိုအားနာတာကြောင့်တစ်ဇွန်းလုံးကိုမြိုချလို​က်ရသည်။ဂျောင်ကုသည်ခံစားပေးတတ်လွန်းသည်။မုန့်စားနေတဲ့အချိန်အတွင်းဘာကိုမှမပေးပဲတိတ်ဆိတ်စွာနေပေးခဲ့သည်။သို့သော်သူပြောထားတဲ့အတိုင်းစွပ်ပြုတ်သောက်ပြီးတဲ့အချိန်မှာတော့တစ်သျှူးတစ်ရွက်ကိုထယ်ယောင်းလက်ထဲထည့်ကာစကားစလာသည်။

"ငါရှင်းရှင်းပဲမေးမယ်ထယ်ယောင်း.......ကလေးအဖေဘယ်သူလဲ"

LOVE MAZE ||KOOKJIN|| [Completed]حيث تعيش القصص. اكتشف الآن