Unicode & Zawgyi
Unicode
"ငါလဲနေတာဘယ်လောက်ကြာသွားပြီလဲဟင်"
"နှစ်နှစ်လောက်ရှိသွားပြီ"
အရည်ကြည်တွေလဲ့နေတဲ့မျက်လုံးဖောင်းအစ်အစ်လေး။သူဘယ်လောက်တောင်လွမ်းနေခဲ့မလဲ။ဘယ်လောက်တောင်စောင့်နေခဲ့လိုက်ရမလဲ။ဒါကိုမသိဘဲငါကသစ္စာဖောက်လိုက်မိတယ်တဲ့လား။
"မောင်.....ငါ့ကိုဖက်ထားပေး"
ကုတင်ပေါ်တက်ထိုင်ကာလူကိုရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့သူ။ကူးလောက်မကျယ်ဝန်းပေမယ့်နွေးထွေးမှုကတော့အပြည့်နှင့်။ငါသစ္စာဖောက်လိုက်မိတယ်မောင်ရဲ့။မင်းရဲ့သစ္စာကိုမှမလေးမစားငါကမင်းမဟုတ်တဲ့တခြားသူကိုချစ်နေခဲ့မိတာ။
"ကျေးဇူးတင်ပါတယ်......ကိုယ့်အနားကိုပြန်ရောက်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ဒါဟာမျက်လုံးဖွင့်ကတည်းကကြားနေရတဲ့စကားသံ။အနားကိုပြန်ရောက်လာလို့ကျေးဇူးအထပ်ထပ်တင်နေတဲ့ကောင်လေးငယ်ဟာသူ့ကိုသစ္စာဖောက်သွားမှန်းလည်းမသိပါ။
"မောင်.....ထယ်ရောမမြင်ပါလား"
ကွက်ကနဲပျက်သွားတဲ့မျက်နှာဟာဘာကိုဆိုလိုချင်နေမှန်းကောင်းကောင်းကြီးသိနေပါသည်။ဒါသူစိတ်ရှုပ်စရာတွေကိုတွေးမိရင်ကြည့်တဲ့ပုံစံ။သူအခုထယ့်ကိုစိတ်ရှုပ်နေတာလား။
"မဟုတ်မှ......မင်းတို့ရန်ဖြစ်ထားတာလား"
"မဟုတ်ပါဘူးဂျင်လေးရယ်"
"ငါ့ကိုမလိမ်နဲ့နော်......မင်းရဲ့ရည်းစားဖြစ်တာတစ်နှစ်၊သူငယ်ချင်းဖြစ်တာငါးနှစ်........ဒီခြောက်အတွင်းမင်းမျက်နှာကိုကောင်းကောင်းဖတ်တတ်တယ်........ဘာဖြစ်ထားကြတာလဲ"
"သူ့ကြောင့်ကိုယ်တို့ပြသနာဖြစ်တာလေ......သူသာတစ်ဇွတ်ထိုးမလုပ်ခဲ့ရင်......"
"မဟုတ်တာမောင်ရာ......မင်းဘာတွေအတွေးချော်နေတာလဲ.......ရှေ့နေဆိုတာတောင်ကိုရီးယားရဲ့အတော်ဆုံးလူတွေပါကွာ.....မင်းဘာတွေတွေးနေတာလဲ.......သူငယ်ချင်းတွေမဟုတ်ဘူးလား"
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]