အပိုင်း (1)
အလင်းရောင်ကုန်ပြီးအမှောင်ကြီးစိုးနေတဲ့ ညပိုင်းလေးတစ်ခုတွင် အဆုံးမရှိတဲ့ လမ်းမကြီးတစ်ခုပေါ်တွင် ကောင်လေးတစ်ယောက် ပြေးနေတယ်... မှောင်နေတဲ့ လမ်းပေါ်မှာပြေးရတာ သူအရမ်းမောနေပြီ ကြောက်လည်းကြောက်တယ်... ရင်ဘက်တွေလည်း ပေါက်ကွဲထွက်မတက်နာကျင်နေမိတယ်.... သူ့တစ်ကိုယ်လုံးက ကိုင်ရိုက်ထားသလို မလှုပ်ချင်အောင်ပင်ပန်းနေပေမဲ့ ပြေးမိတယ်.... သူကြောက်တယ် သူကိုမုန်းနေတဲ့ လူနဲ့ထပ်ပြီး မနေချင်ဘူး... ဒါကြောင့်သူနောက် က သဲကြီး မဲကြီး လိုက်နေတဲ့ လူတွေလက်ထဲက လွတ်အောင် ပြေးရမယ်.... မြန်နိုင်သမျှမြန်အောင်ပြေးရင်းနဲ့ ဘယ်နေရာတွေရောက်နေလဲတောင်မသိတော့ဘူး... လူကဖျားနေတာကြောင့် ခေါင်းတွေလည်း အရမ်းမူးနေတော့တယ် ပြေးနေပေမဲ့ အမြင်တွေကမကြည်ပေ ဝေ့ဝေ့ဝါးဝါးသာ.... ပြေးရင်းနဲ့စီးထားတဲ့ ဖိနပ်လေးကပြတ်သွားတာကြောင့် သူဖိနပ်ကိုလွှတ်ပစ်ပြီး ခြေဗလာနဲ့ ဆက်ပြေးနေမိတယ်.... ဖိနပ်မပါတဲ့ ခြေထောက်နုနုလေးတွေကလည်း ပေါက်ပြဲနေတာကြောင့် မြင်မကောင်းအောင် သွေးတွေ ထွက်နေတော့တယ်.... သေချာကြည်ရင် သူကြည့်ရတာ အဲ့ဒီထက်ဆိုတဲ့ နာကျင်မှုကို ခံစားနေရတဲ့ ပုံပင်... ထိုနာကျင်မှုက သတ်သေချင်လောက်အောင်ခံစားနေရတယ်ဆိုတာ သူကိုယ်တိုင်သာအသိဆုံးဖြစ်နေပေလိမ့်မယ်... ညကမှောင်မဲနေပေမဲ့ နောက်ကလိုက်လာတဲ့ ကားမီးရောင်တွေကြောင့် မနက်ခင်းလို လင်းထိန်းနေတယ်....တခြားကားတွေကတော့ သူတို့ဖြစ်ပျက်နေတာကိုမမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားကြတယ်... ထိုးကားတွေကိုကြည့်ပြီး ရှောင်ကျန့် နာကျင်စွာပြုံးမိတယ်... သူလို့လူမျိုးကို ဘယ်သူမှ မကူညီချင်ကြဘူးပေါ့လေ.... သူကတန်ဖိုးမှမရှိတာ သူနဲ့သွေးသားတော်စပ်တဲ့ အဖေကတောင် သူကိုမလို ချင်တာပဲလေ တခြားသူဆိုပိုပြီးတော့ သူကိုမလိုချင်တာမဆန်ကြယ်ပင်... သူရဲ့ကံ ကြမ္မာကဒီလိုမျိုးဖြစ်လာတာက သူတစ်ယောက်ထဲ ကူကယ်ရာမဲ့နေသလိုခံစားရတယ်... သူကိုဘယ်သူက တန်ဖိုးထားမှာလဲ.... သူရဲ့ ရပ်တည်မှုကို ဘယ်သူကမှလဲ စိတ်မဝင်စားမှတော့ သူသေသွားတာမှ ပိုကောင်းမယ်လေ... သူဘဝက ဒီထက်လည်း ထပ်ပြီးတော့ ကံမဆိုးချင်တော့ဘူး.... အရမ်းလည်းနာကျင်ရတယ်.... လောကကြီးက သူဘက်မှာမရှိတော့ဘူးလို့ ထင်မိတယ်... သူအတွက် သေဆုံးခြင်းက ကံကောင်မှုတွေရလောက်မှာပါ.... သူနောက်ကလိုက်လာတဲ့ အသံတွေကနီးတထက်နီးလာပြီ သူရှေ့ကိုဆက်ပြီး မပြေးနိုင်တော့ဘူး... နေရာမှာပဲ ခြေစုံရပ်နေမိတော့တယ်....

YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...