အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.6K 98 8
                                    

အပိုင်း (28)

လွှီအိမ်ကလူတွေ ဒေါသတကြီးနဲ့ ပြောဆိုပြီးပြန်သွားတော့... Yiboယုန်ကလေးရှိနေတဲ့အခန်းလေးထဲပြန်ဝင်လာခဲ့တော့... ဆရာဝန်စမ်းသတ်နေတာကိုပဲ သူရပ်ပြီးတော့ကြည့်နေမိလိုက်တယ်... သူယုန်လေးရဲ့ ဖြူဖျော့ဖျော့မျက်နှာလေးကို ငေးကြည့်နေတုန်းမှာပဲ မာမီက သူဘေးနားမှာ လာရပ်ပြီးတော့....

"သား လွှီအိမ်ကလူတွေ ပြန်သွားပြီးလား... သူတို့တွေ ဘာပြောသေးလဲ... သူတို့ ရှောင်ကျန့်လေး ဒီမှာနေတာကို အသာ တကြည်လက်ခံရဲ့လား...ကလေးကသူတို့ရဲ့ စကားကို မလွန်း ဆန်နိုင်တဲ့ ပုံပဲ..."

သူမာမီကို ကြည့်လိုက်ပြီးတော့ ဂရုဏသက်တဲ့ မျက်လုံးမကြည့်တွေနဲ့ ကုတင်ပေါ်မှာ ငြိမ်သက်နေတဲ့ အရုပ်ကလေးဆီမှာ တန့်ပေတယ်... သူမာမီပြောစကားကို ထောက်ခံသလို ခေါင်းငြိမ့်ပြပြီးတော့မှ...

"ဟုတ်တယ်မာမီ... သူတို့က ကျေနပ်ပုံမရဘူး... သေချာတာသူတို့ပြန်ပြီတော့ ရှောင်ကျန့်ကိုပြန်လာခေါ်မှာသေချာတယ်... ဒီကလေးကို သူတို့လွယ်လွယ်နဲ့ ကျွန်တော်တို့ဆီပေးမှာမဟုတ်ဘူး... သူတို့ဆီမှာ မနေခိုင်းစေချင်တာပဲဟာ.. ဘာလို့ လက် မလွှတ်ပဲ ခေါ်ထားချင်နေရတာလဲမသိဘူး..."

သူစကားကို နားထောင်ပြီး မာမီလည်း သက်ပြင်းချလိုက်ပြီးတော့မှ သူအားပြန်ကြည့်လာပြီးတော့....

"သားဘယ်လို လုပ်ရမလဲ... တကယ်လို့သူတို့ပြန်လာရင် ပြန် ထည့်ပေးလိုက်မှာလား... ဒါပေမဲ့ ရှောင်ကျန့်လေးရဲ့ ဆန္ဒက အရေးကြီးတယ်... ဒီကလေးက မာမီတို့နဲ့ မနေချင်ဘူးဆိုရင် မာမီတို့ အတင်းဆွဲထားလို့မရဘူးသားရဲ့...ပြီးတော့ လွှီသခင်ကြီးဆီမှာနေခိုင်းပေးဖို့အတွက်သူသားကိုယ်တိုင်က အပ်ထား ခဲ့တာဆိုတော့မာမီတို့ ​အတင်းကြီးသွားပြီး လုပ်လို့မရဘူး... ပြီးတော့ လွှီသခင်ကြီးနဲ့ မာမီတို့ဆိုတာကလည်း စီးပွားရေးအရပတ်သတ်နေကြတဲ့ သူတွေဆိုတော့ အရမ်းကြီး လုပ်လို့မရဘူး... မာမီတို့ကတော့ အခြေအနေကို သုံးသပ်ပြတာလေး တကယ်လို့ ရှောင်ကျန့်လေးက သူတို့နဲ့ မနေချင်ဘူးဆိုရင်တော့ မာမီတို့ခေါ်ထားကြတာပေါ့... သားနေပြန်ကောင်းလာတာ မာမီတို့အရမ်းဝမ်းသာလိုက်တာသိလား... နေ့တိုင်းသားပြန်ကောင်းလာပါစေလို့ မာမီဆုတောင်းနေတာ.... သားမာမီကို စိတ်ဆိုးနေတာလားဟင်... အရင်က မာမီက သားနဲ့ သားချစ်သူကို ခွဲပစ်ခဲ့လို့ မာမီကို အပြစ်အမြင်နေသေးလား... သားရယ်... မာမီလေတောင်ပန်းပါတယ်... မာမီကြောင့် သားဒီလို ခံစားရတာ မာမီကို မမုန်းလိုက်ပါနဲ့နော်သားရယ်.... မာမီဆုံးဖြတ်ပြီးသားပါ အခုချိန်ကစပြီး သားဆန္ဒ သားသဘောပါ.... မာမီဝင်ပြီး မစွတ်ဖတ်တော့ပါဘူးသားရယ်... မာမီကို စိတ်မဆိုးဘူးမလား...ဟင့်ဟင့်... သားက မာမီကို ခွင့်မလွှတ်ဘူးထင်တယ်... သားချစ်သူနဲ့ ပြန်တွဲချင်တယ်ဆိုရင် တောင် မာမီက ကြည့်ဖြူနိုင်အောင်ကြိုးစားမှာပါ... မာမီကိုတော့ မမုန်းပါနဲ့ သားရယ်..."

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now