အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (U+Z)

1.6K 88 6
                                    

အပိုင်း (12)


Yiboအပြောကြောင့် Wangကတော်လည်း ဘာမှမပြောနိုင်တော့ပေ သားဖြစ်သူကို ဘယ်လိုနားလည်အောင်ပြောရမလဲမသိဘူးဆိုတာ ပိုပြီးမှန်ပေလိမ့်မယ်... သူမသားဖြစ်သူကို ပြောမလို့ ပါးစပ်ဟရုံပဲရှိသေးတယ်... Yiboက သူပြောချင်ရာပြောပြီးတော့ အားလုံးကိုတစ်ချက်ကြည့်ပြီး ပြုံးလိုက်ပြီးမှ...

"ကျွန်တော် အရှူးမလေး အခန်းမှာ အတူတူအိပ်ဖို့ သွားပြင်လိုက်တော့မယ်နော်မာမီ... သားအခန်းထဲက ယူစရာရှိတဲ့ ပစ္စည်းတွေ သွားယူတော့မယ်... မာမီ သားဝပြီး မစားချင်တော့ဘူးနော်... ဒယ်ဒီနဲ့ မာမီ သားသွားပြီနော်... သားအရင် ထတော့မယ်သွားပြီနော်... အရှူးမလေးအပေါ်ထပ်အခန်းမှ ပြန်တွေ့ကြမယ်နော်..."

Yibo ပြုံးပြပြီးတော့ အပေါ်ထပ်သူအခန်းဆီသို့ တက်သွားတော့တယ်... အားလုံးကို သူကျော်ခိုင်းလိုက်တာနဲ့ မျက်နှာက ရေခဲ သမျှအေးစက်သွားပြီး တည်ငြိမ်သွားတော့တယ်... သူအခန်းတံခါးကို ဖွင့်လိုက်တော့ အသံသေးသေးလေးတစ်သံ ထွက်​လာတော့တယ်.... အသံက အရမ်းတိုးလွန်းတာကြောင့် သေချာနားထောင်မှ သာကြားနိုင်ပေလိမ့်မယ်...ထိုအသံကား vibrateလုပ်ထား ဖုန်းတစ်လုံးရဲ့ တုန်ခါသံပေတည်း....

"ဗြီ.... ဗြီ...."

Yiboက ကုတင်အောက်မှာ ဖွက်ထားတဲ့ တဗြီးဗြီးမြည်းနေတဲ့ ဖုန်းကို ယူပြီးတော့ကိုင်လိုက်တာနဲ့တစ်ဘက်ကအလော တကြီးပြောလာတာက...

"သခင်လေး... ကျွန်တော်ဖုန်းဆက်နေတာ ကြာပြီသခင်လေးအဆင်ပြေရဲ့လား ကျွန်တော်က ဖုန်းမကိုင်တော့ သခင်လေးတစ်ခုခုဖြစ်နေတယ်ထင်ပြီးတော့ စိတ်ပူနေတာ ...."

"အင်း... ဘာမှမဖြစ်ဘူး အခုပြောလို့ရပြီလေ... ငါစုံစမ်းခိုင်းထားတာရော ဘာထူးသေးလဲ... ယဲ့သူဌေးနဲ့ သူသားဘာတွေလှုပ်ရှားနေကြသလဲ... သူတို့ကငါတို့လှုပ်ရှားမှုတွေကို မရိပ်မိဘူးမလား..."

"ဟုတ်... သခင်လေး သူတို့ ကျွန်တော်တို့ဆီက ခိုးသွားတဲ့ Project ကို မှတ်ပုံတင်နေကြပြီ ကျွန်တော်တို့ ဘာမှမလုပ်ပဲ ဒီအတိုင်းကြည့်နေတော့မှာလား.... သခင်လေး သူတို့က ကျွန်တော်တို့ကုမ္ပဏီကို အောက်ဆုံးထိ ဆွဲချဖို့အစီအစဥ်ဆွဲနေတဲ့ ပုံပဲ... သူတိုက သခင်လေးနေမကောင်းဘူးလို့ တွက်ထားပြီးတော့ ကောင်းကောင်းလှုပ်ရှားနေကြတာလေ..."

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now