အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.5K 118 19
                                    

အပိုင်း (25)


Yibo ကောင်လေးကိုပဲကြည့်နေမိတယ်... သူပြောလိုက်တော့ ကောင်လေးက ဘာမှ မပြောလာပေမဲ့ ထိန့်လန့်နေတဲ့ မျက်လုံးလေးနဲ့ သူကိုကြည့်ပြီး အကြည့်လွဲသွားတာ လက်ကလေးအတင်ပြန်ရုန်းနေတာတွေက အနည်းငယ်စိတ်လှုပ်ရှားသွားတဲ့ ပုံစံမျိူးဖြစ်နေတာ​ကြောင့် ယင်ယွဲ့နေရာမှာ တစ်ချိန်လုံးဟန်ဆောင်နေခဲ့တာလို့ သူတွေးမိတယ်... လူပြောင်းသွားပေမဲ့ အကြည့်တွေအပြုအမူတွေက ကွဲနေတာကို ဘယ်လို ဦးနှောက်မျိုးနဲ့ လူချင်းပြန်လဲတာတို့လုပ်ရတာလဲ.... စီးပွားရေးလောကမှာ ကျင်လည်နေတဲ့ သူကို ဘယ်လိုတွေကလေးက စားစရာပုံစံမျိုးလုပ်ချင်ရတာလဲ... ကြည့်ရတာ သူမတို့ ဒီကောင်လေးကို ပြန်ခေါ်သွားချင်တာကြောင့်ဖြစ်လိမ့်မယ်... နောက်ဆုံး ဒီကောင်လေးကို ဘယ်လို ခေါ်ထုတ်ရမလဲ ကြံရာမရတာကြောင့် ဒီအရှူးအကွက်ကို နင်းကြတာဖြစ်လိမ့်မယ်... ဒါကြောင့် သူကလေးကိုကြည့်ရတာ အမြဲကြောက်ရွံနေသလိုဖြစ်နေတာလို့ ထင်မိနေတာပဲ...ဒါကြောင့်ငါ့စုံစမ်းခိုင်းတော့နောက်ကြောင်း ရှာလို့မရပဲ ထူးဆန်းနေတယ်မှတ်တာ သူက ယောင်္ကျားလေးဖြစ်တာကြောင့်ကိုး... ပထမတော့ သူတူတယ်လို့ ထင်နေတာလောက်ပင်... ဒါပေမဲ့ ခုနက လက်က လေးကို ကိုင်ပြီးတော့ ထိန်းပေးလိုက်တုန်းက လက်ကလေးမှာ ဒဏ်ရာလေးတွေအပြင် သူစကားမေးလိုက်တဲ့ အချိန်မှာဖြစ်သွားတဲ့ ရုပ်ကလေးကြောင့် သူရိပ်မိသွားတာဖြစ်တယ်... ဒါ ပေမဲ့ မနေ့ညက သေချာအိပ်ရာထဲ သိပ်ခဲ့တာ ဒီနေ့ဖျားသွားတယ်ဆိုတော့... သူအဘွားကြီးတွေ ကလေးကို နှိပ်ဆက်နေကြတာလား... Yiboလူကသာ ငြိမ်နေတာ စိတ်ကတော့တွေးနေပေမဲ့ ဘေးကကောင်လေးကိုလည်း အရိပ်အခြေကို ကြည့်နေမိတယ်.... လေတိုက်ရင်တောင်လဲသွားနိုင်တဲ့ ကောင်လေးနောက်ကပဲ လိုက်လာတော့တယ်... ကောင်လေးဘေးမှာပဲ ယှဥ်ရပ်လိုက်တော့တယ် မတော်လို့ ခေါင်းမူးပြီးလဲကြတာတို့ ​ဖြစ်ရင် ကလေးငယ်ထပ်ပြီး ဒဏ်ရာတွေရသွားမှာကို မလိုလားတာကြောင့်ဖြစ်တယ်... Yiboနဲ့ ကလေးငယ်တို့ ဧည့်ခန်းထဲ ရောက်တော့ လွှီသခင်မကြီးကနေ....

"အားလုံးကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိလိုက်ပြီ ထင်တယ်... Wangသခင်မကြီးတို့ မနက်စာစားတော့မှာကို ကျွန်မကြောင့် နောက်ကျသွားပြီရှင့် တောင်ပန်းပါတယ်... ဒါပေမဲ့လည်း မနက်အစောကြီး သူများအိမ်ကို မလာသင်ဘူးဆိုပေမဲ့... ကျွန်မက ဒီကလေးကို ပြန်လာခေါ်တာပါ မနေ့က သူသခင်မလေးကို တွေ့ချင်လို့ဆိုပြီး လိုက်သွားတာ မပြောချင်ပါဘူး... အိမ်ကနေကျွန်မတို့မသိအောင် ခိုးလိုက်သွားတာ အိမ်ကပျောက်သွားတော့ ဘယ်ရောက်သွားပြီးလဲ ဆိုပြီးရှာနေတာ... ဒီကလေးက ပြဿနာကောင်လေးလေ သူကို လက် ခံထားတဲ့ အိမ်ကလူတွေ အကုန်လုံး ဒုက္ခရောက်ကြတာလေ.. ဒါကြောင့် ကျွန်မသိသိချင်း လာပြန်ခေါ်တာပါ...."

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now