အပိုင်း (39)
Yiboမာမီပြောမှ သူကယုန်လေးကို စေတနာနဲ့ပြောပေမဲ့... သူဆူနေတာက သူယုန်လေးကို အနေခတ်စေတာကို ရိပ်မိသွားတော့တယ်... ယုန်လေးကို ဖြစ်နိုင်ရင် သူက လေတောင်မထိစေချင်တာလေ... အခုတော့ သူအရိပ်လိုတစ်စိမ့်စိမ့်ကြည့်ပြီး စောင့်ရှောက်ထားတဲ့သူမှာခဏခဏဒဏ်ရာတွေရလိုက် သွေးထွက်သံယိုဖြစ်နေတာမြင်တော့ သူ ဒေါသလည်းထွက်သလို စိတ်လည်းပူသွားတာဖြစ်တယ်... သူမျက်နှာလေးငယ်ပြီးခေါင်လေးငုံနေတဲ့ ယုန်လေးကိုကြည့်ပြီးတော့... သူသက်ပျင်းချလိုက်ပြီးတော့... ဘာမှမပြောတော့ပဲ သူယုန်လေးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီးတော့... အသာအယာလေးနဲ့ ခြေထောက်လေးကို လှမ်းမပြီးတော့... သွေးတွေထွက်နေတဲ့ ဒဏ်ရာလေးကို သူလက်ကိုင်ပဝါလေးနဲ့ စီးပေးဖို့လုပ်လိုက်တော့...
"ရတယ် Wangသခင်လေး... ကျွန်တော်ကိုယ်ဘာသာကို လုပ်လိုက်ပါမယ်... ကျန်ကျန့်အတွက်သုံးတာလက်ကိုင်ပဝါလေးက နှမျောစရာကောင်းတယ်...."
"ရှောင်ကျန့် ငြိမ်ငြမ်နေစမ်း... မဟုတ်ရင်ကျွန်တော်အဆိုးမဆိုးနဲ့..."
Yiboရုန်းနေတဲ့ ကောင်လေးကို ခြိမ်းခြောက်လိုက်မှ ငြိမ်သွားတော့တယ်.... အဲ့ဒီတော့မှ လက်ကိုင်ပဝါလေးနဲ့ သေချာစီးနှောင်ပေးလိုက်တော့တယ်... ပြီးတော့မှ အိမ်အကူကောင် မလေးအား...
"ဖန်ဖန် ဆရာဝန်လာရင်ငါအခန်းကိုအရင်လိုက်ပို့ပေးလိုက်... ဆရာဝန်မလာခင် ထမင်းနဲ့ ဟင်းတွေသယ်လာပြီးတော့.... ငါ့အခန်းကိုလာပြီးပို့ပေး.... မာမီသားတို့ အခန်းထဲမှာပဲ ထမင်း စားလိုက်တော့မယ်... ညကျမှ မာမီတို့ဆီ သား လာခဲ့မယ်နော်..."
သူပြောပြီးတော့... မျက်ရည်လေးတွေ ဝဲနေတဲ့ သူ့ရှေ့ကကောင်လေးကိုပွေ့ချီပြီးတော့ အပေါ်တက်သွားတော့တယ်... ဟိုကာင်စုတ်လေးကို ဘာမှမပြောတဲ့ အပြင် ကလေးတစ်ယောက်အပေါ်စိတ်ရှည်စွာကြည့်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ချော့ပြီးတော့ Yiboက အခန်းထဲကိုခေါ်သွားတာကြောင့်
လင်းရွှမ်းတစ်ယောက် ခေါင်းတောင်ကိုက်သွားမိတယ်... ဒီလောက်ဒဏ်ရာလေးသေးသေးလေးကိုများဂရုစိုက်ပြနေသေး တယ်ဟွန့်.... အလားကားမူယာမာယာများနေတဲ့ ကောင်ဆိုပြီးတော့ သူမ မနာလိုဖြစ်မိတယ်... ချစ်သူဘဝတစ်လျှောက်လုံးမှာ ရှောင်ကျန့် ဆိုတဲ့ ကောင်လေးလို တစ်ခါမှ ဂရုစိုက်တာမခံခဲ့ရဘူး... လက်ကိုင်ရင်တောင် မကြိုက်တဲ့ Wang Yiboလို လူမျိုးကို ဘယ်သူက ရည်စားတော်ချင်မှာလဲ... ဘယ်မိန်းကလေးမဆို ချစ်သူကောင်လေးရဲ့ အလိုလိုက်တော့ခံချင်တာပေါ့... ဒါကြောင့် သူမ Yiboဆီက မရခဲ့သာယာမှုတွေ ပျော်ရွှင်မှုတွေကို တခြားသူဆီကနေ ရယူခဲ့မိတာ သူမ မှားတယ်လို့ပြောချင်သေးကြရဲ့လား... ဖြစ်နိုင်ရင် Yiboချီသွားတဲ့ ရှောင်ကျန့်နေရာမှာ သူမဖြစ်ချင်တာ မလွန်လောက်ဘူးလို့ထင်ပါတယ်... ဒါပေမဲ့ သူက အခုတော့ ငေးကြည့်နေရုံသာတက်နိုင်သေးတာကိုတော့... အခန်းတံခါးကိုဖွင့်လိုက်တော့....

YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...