အပိုင်း (22)
ကလေးငယ်လေး အနာကစပ်နေတာကို သနားလည်းသနားမိသလို ဒေါသလည်းထွက်မိတယ်... အနာတရဖြစ်အောင် ခိုင်းတဲ့ ယုချန်လျန်ဆိုတဲ့ မိန်းမကိုလည်းရိုက်သတ်ပစ်ချင်တယ်... ပြီးတော့ သူရှေ့က အမိန့်ဟူသမျှကိုနာခံတက်တဲ့ကလေးလေးကိုလည်းဒေါသဖြစ်မိတယ်... သူသာ အချိန်မှီပြန်မရောက် လာရင် ဒီကလေးဘဝက မတွေးရဲစရာပေ... ယုတ်မာလွန်တဲ့ ခွေးလို့ကောင်စီမှာ အမဲဖြတ်ခံရတော့မလို့ ဖြစ်ခဲ့ရတဲ့ ကလေးလေး ဘယ်လောက်ကြောက်နေမလဲ... ဘာလို့ ဒီလို လူလဲပြီးဟန်ဆောင်ပေးရတဲ့အထိ အဲဒီမိသားစုအပေါ် ပေးဆပ်နေတာ ဘယ်လိုတွေ ပတ်သတ်ခဲ့ကြပြီး သူတို့တွေကြားမှာ ဘာတွေများရှိခဲ့လို့လဲ... ဒါပေမဲ့လည်းအပြစ်ကင်းစင်တဲ့ ကလေးငယ်ကိုကြည့်ပြီး သူရင်ထဲက ဒေါသတွေက အသက်ရှုထုတ်လိုက်တဲ့ လေနဲ့အတူ လွင့်စင်သွားတော့တယ်... ကလေးငယ် မနာအောင် ဒဏ်ရာလေးတွေကိုလေနဲ့ မှုတ်ပေးရင်ကနေ...
"နောက်တစ်ခါ ဘယ်အဝတ်မှ အဝတ်မလျှော်နဲ့ ကြားလား... ဒီအိမ်ကအလုပ်သမားတွေကို လုပ်ခိုင်းလို့ရတယ်...ဒါကဘယ် သူအဝတ်တွေလဲ ဘာလို့ဒီလောက်ထိများနေတာလဲ... ကိုယ်ဒီအဝတ်တွေကို မင်းဝတ်တာမတွေ့ဖူးဘူးလို့ထင်တယ်နော်...."
သူမေးရင်း ကလေးငယ်ရဲ့ မျက်ဝန်းတွေကို ကြည့်လိုက်တော့ သူအကြည့်ကို ရင်မဆိုင်ရဲတဲ့ ပုံစံနဲ့သိသိသာသာ မျက်လုံးလေးလွှဲပြီးတော့မှ...
"ဟို... ကျန်ကျန့်ရဲ့ အဝတ်တွေပါ... မလျှော်တာကြာလို့များသွားလို့ အခုမှ လျှော်နေတာပါ... တောင်ပန်းပါတယ် ကျန်ကျန့် ဟို ယင်ယွဲ့ကြောင့် အလုပ်ရှုပ်သွားစေမိလို့ပါ..."
မလိမ်တက်ပဲ လိမ်နေတဲ့ ကလေးငယ်ကို သူသနားလွန် ဆက်ပြီး မမေးတော့ပေ ပြီးတော့ ခုနက စကားထဲမှာ ကျန်ကျန့် ဆိုပြီး ခနခနပြောတက်တာကိုလည်း မသိချင်ယောင်ဆောင်ပေး လိုက်တယ်.... အတွေးကိုယ်စီနဲ့ တိတ်ဆိတ်သွားတဲ့ အချိန်မှာပဲ ခုနက အန်တီကြီး ပြန်ရောက်လာတော့ လက်ထဲမှာ နွားနို့ပါ လာတော့တယ်... Wangသခင်လေးက နွာနို့ခွက်ကိုလက်ပြောင်းယူလိုက်ပြီးတော့မှ သူကိုတစ်ခုခုပြောချင်နေပုံပေါ်တဲ့အလုပ်သမား အန်တီကြီးကြောင့်...
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...