အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.7K 97 9
                                    

အပိုင်း (15)

ရေချိုးခန်းထဲ ရောက်တော့ ရှောင်ကျန့် တံခါးကို လော့ချလိုက်ပြီးမှ တစ်ဒုတ်ဒုတ်ခုန်နေတဲ့ ရင်ဘတ်လေးကို ဖိပြီးတော့..... ကိုယ်ကိုယ်ကို သတိပေးရင်းနဲ့...

"သူ ငါကို စိတ်ပူတာမဟုတ်ဘူး... သူစိတ်ပူတာက ယင်ယွဲ့ကိုပဲ ငါကိုမဟုတ်ဘူး... ပြီးတော့ သူကငါကို သူဂရုစိုက်နေတဲ့သူမဟုတ်ပဲ လူလိမ်တစ်ယောက်မှန်းသိသွားရင် အရမ်းမုန်းသွားမှာသေချာတယ်...."

တွေးမိပြီး ရှောင်ကျန့် ဝမ်းနည်းသွားမိတယ်... သူတခြားဟာကို မတောင်းဆိုရဲပါဘူး... ဒါပေမဲ့ ဖမ်းမခံရရင်ပဲ ကျေးဇူး တင်မိမှာ သေချာတယ်.... သူအခုထိ ရေမချိုးသေးပဲအတွေးလွန်နေတာကြောင့် Wang သခင်လေး ပြောသွားတာကို သတိရပြီး ရေမြန်မြန်ချိုးလိုက်တော့တယ်.... ရေချိုးခန်းအ ပြင်မှာတော့ ရေချိုးနေတဲ့ ကလေးငယ်ကို စောင့်ရင်းနဲ့ ...

"ချစ်စရာကောင်းလိုက်တာ ဘယ်လိုလေးလဲမသိဘူး... ဒါလေးပြောလိုက်တာတောင် ဒီကလေး​လေးကရှက်နေသေးတယ်... အရှက်အကြောက်ကြီးတဲ့ အပြင်မျက်ဝန်းလေတွေက အပြစ်ကင်းစင်လိုက်တာ... ဒါကြောင့်လည်း ဒီမိန်းမ အနိုင်ကျင့်ချင်တိုင် ကျင့်နေတာပေါ့..."

သူစိတ်ထဲမှာတွး ပြီးတော့ ကုတင်ပေါ်မှာ အပူအပင်မရှိအိပ် ပျော်နေတဲ့ ယုချန်လျန်ဆိုတဲ့ မိန်းမကြီးကို ရွံရှာစွာကြည့်မိတော့တယ်.... ဒီအိမ်စရောက်လာတဲ့နေ့ထဲက ယင်ယွဲ့အမည်ခံတဲ့ ကလေးကို နှိပ်စက်နေတာကို သူတွေးမိပြီး သူဒေါသပိုပြီးထွက်မိတယ်... ဒီကလေး ဒီမိန်းမနဲ့ ဘာတော်လည်း မသိပေမဲ့ ဒီကလေးကို အကြောင်းမရှိအကြောင်းရှာပြီး နှိပ်စက်နေတာကို သူမကြိုက်ပေ... သူဒီကလေး မျက်ရည်ကျတာကို ပိုပြီး မကြိုက်တာဆိုရင် ပိုပြီးမှန်လိမ့်မယ်... ဒီကလေးနဲ့ ယင်ယွဲ့ ဆိုတဲ့ မိန်းက​လေးကြားထဲက ပတ်သတ်မှုကို စုံစမ်းရမယ်လို့တွေးလိုက်မိတော့တယ်... တခြားသူဆိုရင် ကိုယ်ကိုယ်တိုင်နစ်နာစေတဲ့ ကိစ္စမျိုးကို လုပ်မှာမဟုတ်ပေ... ဘယ်လိုမျိုးအ ကြောင်းအရာနဲ့ထိန်းချုပ်ထားတာလဲYiboတွေးနေမိတယ်... သေချာတာတော့ ဒီညတော့ ဒီအဘွားကြီးကလေးကို နှိပ်စက်လို့မဖြစ်နိုင်တော့ပေ... သူတမင်ညအိပ်ချင်တောင် ကလေးကိုနှိပ်စက်နေမှာစိုးလို့ ခုနက သူယူလာတဲ့ နွားနို့ထဲ အိပ်ဆေးထည့်လိုက်ပြီး တိုက်လိုက်တာဖြစ်တယ်... အခုတော့ ကုတင်ပေါ်မှာ ကျောက်တုံးကြီးလို အိပ်နေပေပြီ... နောက်တစ်ခုက တော့ သူဒီကလေးကို ကာကွယ်ပေးနေတာကို ထိုမိန်းမမရိပ်မိအောင် နေရသေးတယ်... ဒါမှ သူရှူးနေတယ်ဆိုပြီး သူကိုသတိမထားပဲ လုပ်ချင်ရာလုပ်တာကို ဖော်ထုတ်နိုင်မှာဖြစ်တယ်....သူ ကလေးနဲ့ ယုချန်လျန်ရဲ့ကုတင်နှစ်လုံးကြားမှာ ဒရင်းဘတ်လေးကို ခင်းချလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားတဲ့ ကလေးကိုစောင့်နေမိတယ်... ခဏကြာတော့ သူပေးထားတဲ့ ညဝတ်အိင်္ကျီက အနည်းငယ်ပွယောင်ယောင်နိုင်တာလေးကို ဝတ်ပြီးထွက်လာတဲ့ သူလေးက အရမ်းချစ်ဖို့ကောင်းနေတယ်လို့တွေးမိနေတယ်... သူညဝတ်လေးတွေ သေးနေတဲ့ ဝတ်စုံကို ကလေးငယ် ဝတ်လို့ရအောင်ပေးလိုက်တာဖြစ်တယ်....
ပြီးတော့သူတွေးရင်နဲ့ သူရည်းစားကို ပြန်သတိရပြီးနာနာကျင်ကျင်ပြုံးမိတယ်... သူဒီလိုရှူးဟန်ဆောင်နေတဲ့ အချိန်ထဲက စပြီး သူကို ထားသွားခဲ့တာ အခုဆို ငါးလလောက်ရှိနေပြီး မာမီပြောတာလည်း သူသဘောပေါက်တယ် ချစ်သူကို Wang အိမ်တော်ကို မာမီကလာဖို့ခေါ်တိုင်းတစ်ခုမဟုတ်တစ်ခုနဲ့ ငြင်းနေ တက်တယ်... မာမီကလည်းသူကို သူရည်းစားနဲ့အ ရင်းထဲက သဘောမကျတာ အခုတော့ သူအပေါ်ကိုသူမဒီလိုလုပ်တာကို ပိုပြီးတော့ ဒေါသထွက်တာကြောင့် အခုလို လွှီအိမ်တော်က မိန်းကလေးနဲ့ နည်းစပ်အောင်လုပ်ပေးတာဖြစ်ပေလိမ့်မယ်...ဒါပေမဲ့ ဘယ်လိုလုပ်မလဲတကယ်တော့ မာမီ စီစဥ်ပေးထားတာ လွှီမိန်းကလေး အစစ်မဟုတ်ဘူးဆိုတာသာ မာမီသိသွားရင် ဘယ်လို ဆက်ဖြစ်မလဲ... အစစ်အမှန်ဖြစ်တဲ့ လွှီအိမ်တော်ကမိန်ကလေးဒီကိုရောက်လာရင်တောင်Wang Yiboတို့က စိတ်ဝင်စားချင်မှ ဝင်စားမှာ အခုတော့ ဒီအတု အယောင်လေးက သူရဲ့ စိတ်ဝင်စားမှုတွေ အားလုံးကို ထိန်း ချုပ်ထားတယ်ဆိုရင် မငြင်ချင်ပေ.... သူမျက်စီရှေ့မှာ ဘယ်ကမှန်းမသိ ဘယ်မျိုးရိုးကလည်းမသိပဲနဲ့ကို Yiboကလေးငယ်ကိုစိတ်ဝင်စားမိတယ်လို့ပြောရင် ယုံကြည့်မလား... သူလှဲနေပေမဲ့ ထိုကလေးရဲ့ လှုပ်ရှားမှုတွေကိုသာကြည့်နေမိတယ်... သူကြည့်နေရင်းမှာပဲ ခုနက ရေတွေစိုနေတဲ့ ခုံလေးပေါ်မှာ ခွေခွေလေး သွားအိပ်တာကြောင့် Wang Yiboခြေလှမ်းကျဲကြီးတွေနဲ့ထပြီး ထိုနေရာအထိလျှောက်သွားတော့တယ်...

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now