အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.6K 86 8
                                    

အပိုင်း (20)

အခုသူမဖြစ်မနေရှောင်ကျန့်ကိုခေါ်သွားမှဖြစ်မယ်... မဟုတ် ရင် သူရှောင်ကျန့်ကို ဆုံးရှုံးတော့မယ်ဆိုပြီးခံစားနေရတယ်... ပြီးတော့ ဒီအိမ်ထဲကနေ ရှောင်ကျန့်နဲ့ သူညီမလေးကို နေရာချင်းပြန်လည်ဖို့လိုအပ်တယ်...သူကြားဖူးတာတော့ Wang သခင်လေးက မိန်းကလေးတွေနဲ့ပတ်သတ်ရမယ်ဆိုရင် တီ ကောင်တွေ့သလို ရွံတက်တဲ့ သူက အခုတောဘယ်လိုဖြစ်တာလဲ... Wang Yiboက သူညီမဟန်ဆောင်ထားတဲ့ ရှောင်ကျန့်ကို ကြိုက်သွားလို့လား... ရှောင်ကျန့်ကို သူနဲ့ပြန်ထည့်ဖို့ကို ဘာလို့ဒီလောက်တောင် လက်ပေါက်ခက်နေရတာလဲ... Wang Yiboလို လူမျိုးက တစ်ခါမှတစ်ခြားသူအတွက် ထည့်ပြီး စဥ်စားပေးတဲ့ သူမျိုးမဟုတ်ဘူး...Wang Yibo ဘာတွေသိထားသေးလဲ... ဘာပဲသိသိရှောင်ကျန့်ကို ကောင်း စားသွားမှာ မမြင်ချင်ဘူး... အမြဲတမ်းကြောက်ရွံအားငယ်ပြီး ခိုးကိုးရာမဲ့အောင် လုပ်ချင်တာ.... ဒါမှ သူတို့အနိုင်ကျင့်ချင်သလိုကျင့်လို့ရမှာ Wang Yiboလိုလူမျိုးသားရှောင်ကျန့်ရှေ့မှာ ရှိနေရင် သူတို့ ရှောင်ကျန့် ကို ထိဖို့ဆိုတာမလွယ်တော့ဘူး... မဖြစ်ဘူး ရအောင်ပြန်ပြီး ခေါ်မှဖြစ်မယ်... ရှောင်ကျန့်နဲ့ တွေ့ပြီး စကားပြောမှရမယ်... ခက်တာက ကြည့်ရတာ ရှောင်ကျန့်က သူကိုတော်တော် ကြောက်သွားတဲ့ပုံပင်... တ ကယ်လို့နာက်ဆုံးမတွေ့ရရင်လည်း ရှောင်ကျန့်ကို ရအောင် တစ်ခါတည်းခေါ်သွားမှ ဖြစ်မယ်... သူ မာမီဆီကိုဖုန်းဆက်ရမယ်... မာမီကိုတော့ Wang သခင်လေးလွန်ဆန်ရဲမယ်... မထင်ဘူး သူအတွေးတွေကိုအကြာကြီး မစဥ်စားနေတော့ပဲ မာမီကို ဖုန်းခေါ်လိုက်တော့တယ်... လွှီသခင်မကြီးက သားဖြစ်သူဖုန်းဆက်တာကြောင့် ကြည့်ရတာ သားဖြစ်သူ ရှောင်ကျန့်နဲ့ ကိစ္စပြီးသွားပြီးထင်တယ်... နောက်ဆုံးတော့ ဒီမိန်းမရဲ့သားလည်း သူအမေလို ဘဝပျက်ရတာပါပဲ...ကောင်းတယ် နင့်သားကိုလည်း နင့်လို့မျိုးပဲ ဘဝပျက်တာ... နောက်ဆုံးတော့လည်း နင့်နဲ့တူနေကိုပဲ အပြစ်တင်လိုက်တော့.. နင့်က ငါ့တို့ရဲ့ ဘဝတွေကို ဖျက်စီးခဲ့လို့ နင့်သားဘဝကိုလည်း ငါတို့ကလည်း ဖျက်စီးလိုက်နိုင်ပြီ သူမအနိုင်ရပြီလို့တွေးပြီး သားဖြစ်သူရဲ့ဖုန်းကို ကိုင်လိုက်တယ်....

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now