အမုန်းဖြင့်လွှမ်းခြုံ ထားသော ချစ်ခြင်းပင်လယ်(U+Z)

2.2K 101 3
                                    

အပိုင်း (3)


သူမကိုနုညံစွာ ခေါ်လိုက်တဲ့ ကိုကိုမေမေရဲ့ အသံကြောင့် သူ မ လှုပ်ရှားဖို့တောင့် သတိမရပေ... သူမကို ဖက်ပြီးတော့နောက်ထပ်ပြောလာတာက...

"သမီးရယ်... အန်တီတောင်ပန်းပါတယ်နော်... သမီးအပေါ်လုပ်ခဲ့မိတာတွေကို တောင်ပန်းပါတယ်ကွယ်... သမီးလေးကအန်တီကို တောင်ပန်းစရာမလိုပါဘူး... အရင်က အန်တီကသာ သားဇော်ကြောင့် သမီးကို နစ်နာအောင် ​ပြောဆိုမိတာကိုက အန်တီမှားခဲ့တာပါကွယ်... ... ဒါကြောင့်လည်းသမီး အန်တီတို့နဲ့ အတူ သားလေးသတိရလာတဲ့အထိ သားလေးနားမှာ နေလို့ရတယ် စောင့်လို့ရတယ်.... သမီးဆေးရုံအပြင်မှာ စောင့်နေစရာမလိုတော့ဘူး....လာ...ဒီမှာ အန်တီတို့နဲ့ အတူတူလာထိုင်နော်.... Yiboလေး သတိရလာပြီးရင်လည်း သမီးဆက်ပြီးနေနိုင်ပါတယ်ကွယ်.... သားလေးက သူပထမဆုံး သတိရလာရင် သမီးမျက်နှာလေးကို မြင်ချင်မှာပဲ...."

သူမပြောတာကို မယုံကြည်နိုင်သလိုပုံစံလေးနဲ့ အခုထိမျက် တောင်မခတ်တမ်း ငေးကြည့်နေတဲ့ မိန်းကလေးရဲ့ ကြည့်လာတာကြောင့် သူမမချိပြုံးလေးပြုံးလိုက်မိတော့တယ်.... သူမအကြည့်ကို နားလည်တဲ့ Yiboအမေကသူမအားအရေပေါ်ခန်းရှေ့က လူနာစောင့် ထိုင်ခုံမှာ ထိုင်စေပြီးမှသူမလည်း
မိန်းကလေးဘေးနားမှာ ဝင်ထိုင်လိုက်ပြီးတော့....မိန်းကလေးရဲ့ လက်ကလေးကို အုပ်မိုးဆုတ်ကိုင်ပြီးမှ....

"သမီးလေးက အန်တီပြောတာ မယုံဘူးဆိုတာ အန်တီနားလည်းပါတယ်... ဒါပေမဲ့ ဒီတစ်ခေါက်အန်တီ စိတ်ရင်းနဲ့ ပြောတာကိုတော့ ယုံကြည်ပေးပါနော်.... အရင်က အန်တီက သားကို အရမ်းချစ်တာကြောင့် သမီးအပေါ်မမှားသင်တာတွေ မှားခဲ့မိတာပါကွယ်...."

သူမလက်ကလေးကို ကိုင်ပြီးနူညံ နွေးထွေးစွာပြောလာတဲ့ ကိုကိုရဲ့ မာမီစကားကြောင့် သူမ မျက်ရည်ကျမိတယ်.... မျက်ရည်ကျနေတဲ့ မိန်းကလေးကို သားအတွက်စိတ်ပူနေတာက မျက်နှာလေးပေါ်မှာ ပေါ်လွင်နေတာကြောင့် သားပြန်သတိရလာရင် သူတို့ပျော်ရွှင်သွားအောင်လို့ သူမက အမေတစ်ယောက်အနေနဲ့ ဖြည့်ဆည်းပေးချင်မိတယ်..... အရင်က သားအပေါ် မိဘမေတ္တာကို ကောင်းအောင်မပေးခဲ့မိတဲ့ အတွက် သားကိုသူမ သတိရလာရင် သားဖြစ်ချင်တာမှန်သမျှ အကုန်လုံးကို သူမလုပ်ပေးမယ်လို့ ကတိပြုမိတယ်... သူမဆီကို သားလေးပြန်လာရင် လုံလောက်ပါပြီ.... သူမတွေးရင်းနဲ့ အသံတိတ်မျက်ရည်ကျမိတယ်.... သူမနားကို မယုံကြည်နိုင်သလို ထပ်ပြီးမေးမိတော့....

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now