အပိုင်း(9)
ယဲ့အိမ်တော်ရဲ့ စာကြည့်ခန်းထဲမှတော့ယဲ့သားအဖနှစ်ယောက် တစ်ခုခုကိုအရေးတကြီး တိုင်ပင်ဆွေးနွေးနေကြတဲ့ပုံပင်...
"ဒယ်ဒီ... အခု ကျွန်တော်တို့လုပ်ထားတာတွေကို Wang Group ကသိသွားရင် ဘယ်လိုလုပ်မလဲ... ကျွန်တော်တို့ ကုမ္ပဏီပါ ရှယ်ယာစျေးတွေထိုးကျပြီး အောက်ဆုံးအဆင့်ထိရောက်သွားလိမ့်မယ်နော်..."
သားဖြစ်သူပြောတဲ့ စကားကို ခေါင်ငြိမ့်လိုက်ပြီးမှ...
"သားဆိုလိုတာကိုဒယ်ဒီနားလည်တယ်...ဒါပေမဲ့ အခုသတင်း က အတွင်းသတင်းလေ... ပြီးတော့ သူတို့သိတဲ့ အချိန်ဆိုရင် သူတို့တွေ ကုမ္ပဏီက ရှယ်ယာစျေးတွေ အောက်ဆုံးထိုးဆင်းနေပြီလေ... ဒယဲဒီတို့လည်း Project ကိုလုပ်ပိုင်ခွင့်ကို အစိုးရဆီကနေရလိမ့်မယ်... ဒယ်ဒီကတော့ ဒီအခွင့်အရေးကို လုံးဝလက်လွတ်မခံနိုင်ဘူး... ပြီးတော့ တွေးပြီးကြောက်နေလို့မရဘူး... ကျားပေါက်ကို လိုချင်ရင် ကျားဂူထဲ ဆင်းရသလိုမျိုးပဲ... ဒယ်ဒီတို့က Wang Groupကို ဖြိုချချင်နေတာလေ.... သူတိုက သူတို့ရဲ့ Projectနဲ့ပဲ ဒီတရုတ်နိုင်ငံကနေ
Wang Group တစ်ခါတည်းထွက်သွားအောင်လုပ်ပြစ်မှာ... ဒီအတွက်တော့ စိတ်မပူနေနဲ့ စိတ်ပူနေရင် ဘာမှ ရမှာမဟုတ်ဘူး...တွေးကြောက်နေရင် အောင်မြင်မှုရမှာမဟုတ်ဘူး... "ဒယ်ဒီစကားက မှန်ပေမဲ့... Wang Groupက လွယ်လွယ်နဲ့ ဖြိုဖျက်လို့ရမှာမဟုတ်ဘူးလို့ သူထင်မိတာကို ဒယ်ဒီကို ဘယ်လိုပြောရမလဲ...
"ဟုတ်တယ်ဆိုပေမဲ့ ဒယ်ဒီ သတိထားသင့်တယ်...အတွင်းသတင်းပေးက ဘယ်လောက် ယုံကြည်ရလို့လဲ... အဲ့ဒီသတင်း ပေးကရော ကျွန်တော်တို့ကို သစ္စာမဖောက်ဘူးလို့ပြောလို့ရလား...."
"ဒီတစ်ယောက်က ငွေတော်တော်မတ်တယ်... သူကြိုက်တဲ့ ငွေတွေသာ ပုံပြီးပေးထားရင် ငါတို့ကို သစ္စာဖောက်မှာမဟုတ်ဘူး... ပြီးတော့ သူအခုလောလောဆယ် ဒီမှာမရှိသေးဘူးဆိုတော့ သူဖော်မှာကို တွေးပူနေစရာမလိုတော့ဘူး... "
ဒယ်ဒီအပြောကြောင့် ခေါင်းငြိမ့်ပြီမှ....
"ဒယ်ဒီဘက်က ပိုင်တယ်ဆိုရင်ပြီးရော အခုလာတော့မဲ့ ပွဲမှာ တင်ပြမဲ့ စီမံကိန်းက Wang Groupက ကျွန်တော်တို့ထက် ပိုသာနေတယ်... သူတို့ဆွဲထားတဲ့ ပုံကြမ်းကိုကျွန်တော် တို့ ဆွဲထားတဲ့ ပုံစံနဲ့ အပိုင်အဖြစ်လုပ်ဖို့လိုတယ်ဒယ်ဒီ... အရင်ဆုံး ကျွန်တော်တို့ပစ္စည်းဖြစ်ကြောင်း မှတ်ပုံတင်ကြတာပေါ့... သူတို့ဘက်က မှတ်ပုံတင်ထားရသေးမှာ မဟုတ်ဘူး...
ဒါမှ သူတို့ ဒီProjectကို လူကြီးတွေရှေ့မှာ တင်ပြလိုက်ရင် ကျွန်တော်တို့ပစ္စည်းကို ခိုးလိုက်တဲ့ပုံစံဖြစ်သွားပြီလေ... ဒါဆို ကျွန်တော်တို့ကုမ္ပဏီက အေးအေးဆေးဆေးနိုင်ပြီ Wang Groupလည်း သူတို့ဆွဲတဲ့ ဒီဇိုင်းနဲ့ သူတို့ကိုဖြုတ်ချပြီးသား ဖြစ်သွားလိမ်မယ်... ဒီအခါကျွန်တော်တို့ တိုက်စရာမလိုပဲ သူစရိတ်သူသွားမှာလေ..."

YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...