အပိုင်း (11)
အရှူးက သူမကို ပြန်ပြောတဲ့ အပြင် သူမမျက်နှာကို ရဲရဲဝံဝံစိုက်ကြည့်ပြီး ထပ်ပြောလာတာက..."အံမယ် အရှူးမရဲ့ ဒါကငါ့အိမ်ပဲလေ... ငါဘယ်နေရာနေနေ နေလို့ရတယ်... နားလည်းလား အံမယ် အရှူးမကြီးက သေ ချာကြည်တော့လည်း အဟက်... "
သူမကိုသေချာကြည့်ပြီး စကားဆက်မပြောပဲ ရယ်ပြီးတော့မှ ယင်ယွဲ့အဖြစ်ဟန်ဆောင်ထားတဲ့ ရှောင်ကျန့်အား သူမကို ကျော်ပြီး လှမ်းကြည့်ပြီးမှ....
"ဟိုတစ်ယောက်ထက်တောင်လှသေးတယ်... ဟိုတစ်ယောက်က အသားကလည်းမဲနေသေးတယ်... အရှူးမကြီးကိုပဲ လက် ထပ်လိုက်ရင်ကောင်းမလား... တော်ပြီ ဒီအခန်းထဲက မသွားတော့ဘူ... ဒီက အရှူးမလှလှကြီးကိုပဲ တစ်ဆိတ်ဆိတ်ကြည့်တော့မယ်...ဟား...ဟား...."
ပြောပြီး သူမကိုကျော်ပြီး Wang Yiboအခန်းထဲဝင်သွားတော့တယ်... Yiboအထဲရောက်တော့ အခန်းထောင့်နားမှာ ငြိမ်ငြိမ်လေးရပ်နေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီးတော့ ကုတင်စွန်းလေးမှာ ထိုင်လိုက်ပြီးတော့...
"ဟိုကောင်မလေး ရေသွားချိုးတော့လေ.... ပြီးရင် ငါအရှူးမလှလှလေး ရေချိုးတော့မှာ တော်ကြာ အအေးပတ်ပြီး ငါ့အရှူးမလေး ဂန့်သွားရင် နင့်တာဝန်ယူနိုင်လို့လား...."
Yiboပြောတာကို နားထောင်ပြီးတော့ ရှောင်ကျန့်မဝံမရဲဖြင့် ယုချန်လျန်ကို လှမ်းကြည့်နေတာကြောင့်....
"ဟဲ့... ကောင်မလေး မသွားသေးဘူးလား...အခုထိအဲဲဒီနားမှာ ဘာလို့ရပ်နေသေးတာလဲ... "
Yiboအော်လိုက်တာကြောင့် ရှောင်ကျန့်ကိုယ်လေးတောင် တုန်သွားတော့တယ်... အဲ့ဒီတော့မှ ယုချန်လျန်က...
"ဟဲ့...ရှောင်....အဲ့...ယင်ယွဲ့ရေသွားချိုးလေ... "
ယုချန်လျန်က ရှောင်ကျန့် နာမည်ကို မှားခေါ်တော့မလို့ တော်သေးတယ် အရှူးဆိုတော့ ဘာမှသိလိုက်မှာမဟုတ်ဘူးလို့ သူမတွေးမိတော့တယ်... သူမပြောလိုက်တော့မှအဝတ်အစားလေးတွေကို ယူပြီး ရေချိုးခန်းထဲဝင်သွားတော့ Yiboက ရှောင်ကျန့် နောက်ကျော်လေးကို လှမ်းကြည့်ပြီး....

YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...