အပိုင်း (33)
ရှောင်ကျန့်အိပ်ရာကနေပြီး နေအတော်မြင့်မှ နိုးလာတော့တယ်... မျက်လုံးလေးပြူးပြီး ပတ်ဝန်းကျင်ကို ကြည့်မိတယ်... သူWang အိမ်မှာ ရှိသေးတာကို သတိရတော့တယ်... သူအခန်းက ပြတင်းပေါက်လိုက်ကာလေးတွေ ပိတ်ပေးထားတာကြောင့် အခန်းတစ်ခုလုံးမှောင်နေတာကြောင့် နေရောင်မဝင်ပေ... ဒါကြောင့် နေမှန်းညမှန်းမသိတာကြောင့် အိပ်ပျော်သွားတာဖြစ်တယ်.... ရှောင်ကျန့် အိပ်ယာက အမြန်ကျုံးထပြီးတော့ နာရီကို ကြည့်တော့... မနက်10:00 နာရီတောင် ထိုးတော့မယ်.... သူခြုံထားတဲ့ စောင်လေးကို ဖယ်
ပြီးတော့ ကုတင်ပေါ်က အမြန်ဆင်းလိုက်တော့... သူကြမ်း ပြင်ပေါ်ခြေချလိုက်တာနဲ့အခန်းတံခါးလေးပွင့်လာတာကြောင့်ကုတင်ဘေးမှာပဲ သူရပ်နေမိတယ်... သူကို အိပ်ယာထနောက် ကျလို့အော်တော့မယ်ထင်တယ်... သူခေါင်းလေးငုံပြီးရပ်နေမိတယ်... အရင်က လွှီအိမ်တော်မှာဆိုရင်သူအိပ်ယာထ တစ်ခါ လေးနောက်ကျမိတာတောင် သူကို ကြက်မွှေးနဲ့ ရိုက်ပြီတော့ အပြစ်ပေးတဲ့ အပြင်တစ်နေ့လုံးလည်း သူအား....."ရှောင်ကျန့်... ငါ နင့် ဒီနေ့တစ်နေ့လုံး ထမင်းလုံးဝမစားရဘူး... ပြီးတော့ အိမ်ရဲ့ အလုပ်မှန်သမျှ အကုန်လုံး နင်ပဲလုပ်ရမယ်.... တစ်ယောက်မှ သူကို ကူညီဖို့မကြိုးစားနဲ့ ကူညီတဲ့သူတွေကို အလုပ်ထုတ်ပစ်မယ်..."
အဲ့ဒီနေ့က သူမှာ တစ်နေ့လုံးဘာမှ မစားရတဲ့ အပြင် တစ်နေလုံးလည်း အိမ်အလုပ်တွေအကုန်လုံးလုပ်ပြီး အစာငတ်တဲ့ ဒဏ်ကိုခံစားခဲ့ရတာကိုသူပြန်တွေးမိပြီးပိုပြီးတော့ခေါင်းလေးငုံမိတယ်... သူကို အခုလည်းWang သခင်မကြီးရိုက်တော့မယ်ထင်တယ်လို့တွေးမိပေမဲ့ ခေါင်းငုံနေတဲ့ သူကိုနူညံအေး ချမ်းတဲ့ အသံလေးနဲ့ ...
"သားလေးကျန်ကျန့် နိုးနေပြီလား အန်တီကသားလေးမနိုး သေးဘူးလာဆိုပြီး လာကြည်တာ.... ဘာလို့ လက်တွေတုန်နေတာလဲ... နေမကောင်းလို့လား ပြစမ်းပါအုန်း ကလေးရဲ့... တစ်ခုခုဆိုရင် အန်တီကိုပြောနော်... သားYiboကလည်း သားလေးကို ဂရုစိုက်ဖို့မှာထားတယ်... ဗိုက်တွေဘာတွေအောင့်နေလို့လား..."

YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...