အပိုင်း (35)
Wang Yibo တစ်ယောက် ဟန်မဆောင်နိုင်စွာနဲ့ ခြံထဲကိုဆင်းလာပြီးတော့ သူရဲ့ယုန်ပေါက်လေးကို ရှာနေမိတယ်.... သူတမင် ယုန်လေးကို ကြောက်အောင်ခြောက်ထားတာက သူဆီကနေထွက်ပြေးသွားမှာ စိုးလို့ဖြစ်တယ်... သဲဒီလိုသာ မခြောက်ထားရင်အခုလောက်ဆိုလွှီအိမ်တော်ကိုပြန်နေလောက်ပြီလေ... သူလူဆိုးဖြစ်ရင်တောင် ဒီရှောင်ကျန့်ဆိုတဲ့ ယုန်ဆိုးလေးရှိနေရင်အဆင်ပြေပြီလေ သူဘယ်အရာပဲလာလာ ရင် ဆိုင်ဖို့ အသင်ပဲဖြစ်တယ်... ဒီယုန်လေးဘယ်နားမှာသွားပြီ နေနေလဲ သူရှာနေတာ နည်းနည်းလောက်ရှိနေပြီ ယုန်တွင်းထဲဝင်ပြီပုန်းနေတာလား... သူအတွေးကိုရော သူကိုသူလည်း ရယ်ချင်မိတယ်... သူထက်ကြီးတဲ့ ရှောင်ကျန့်လေးကို သူမှာ ကလေးတစ်ယောက်လိုမျိုးစိတ်မချစွာနဲ့ မျက်လုံးအောက်ကနေ အပျောက်မခံနိုင်ဖြစ်နေမိတယ်... သူအဖြစ်ကလည်း မလွယ်လွန်းလှဘူး... သူပိုင်တဲ့ အရာဆိုရင် သူစိတ်ချလက်ချနဲ့ နေလို့ရတယ်... အခုကရှောင်ကျန့်ကို တကယ်တမ်းဟိုဘက်က အတင်းသာလာခေါ်ရင် သူဘယ်လို့မှ တားနိုင်မှာမဟုတ်ပေ... ရှောင်ကျန့် တစ်ယောက်Wang အိမ်တော် လုပ်ထားတဲ့ ပန်းခြံထဲမှာ ထိုင်ပြီး ငေးနေမိတယ်... အရမ်းလှပြီးအေး ချမ်းလိုက်တာ ပိုက်ဆံလည်းတော်တော်ပေးရလောက်မယ်ထင်တယ်... သူပန်းလေးတွေကိုလိုက်ကြည့်ပြီးတော့ ခဏတာလောက်စိတ်ညစ်နေတာတာတွေကိုမေ့ထားချင်ပေမဲ့... ခေါင်း ထဲရောက်ရောက် လာမိတာယ်... သူဘာဆက်ဖြစ်မလဲ မသိပေမဲ့ အနည်းဆုံးတော့ ထောင်ထဲမှာထက်နေရတာ ပိုကောင်းပါတယ်.... လွှီအိမ်တော်က သူအတွက် လုံခြုံမှုမပေးနိုင်တော့ပေ... ပြီးတော့ သူကို လွှီအိမ်တော်က လူတွေ မကြည်ဖြူတာသူသိတယ်...Wang အိမ်တော်ကပေးတဲ့ အပြစ်တွေကို ထောင်ထဲမှာ ခံပြီးရင် ကိုကို ထွက်လာတဲ့ အထိအပြင်မှာ သူတစ်ယောက်ထဲ ကိုယ် ဘာသာရပ်တည်နေနိုင်အောင်ကြိုးစားရမယ်...Wangအိမ်တော်က သူကို လိမ်လည်မှုနဲ့ ဖမ်းလိုက်ရင်သူနဲ့ လွှီအိမ်တော်ကလူတွေနဲ့အကြွေးမရှိတော့ဘူး...အဲ့ဒီလောက်ဆိုရင်တော့ သူကို လွတ်လပ်ခွင့်ပေးတော့မယ်လို့ထင်မိတယ်... သူတို့မားကိစ္စကို မထုတ်ပြောတော့လောက်ဘူးလို့ ထင်မိတယ်... သေသွားတဲ့သူတစ်ယောက်အပေါ်အဲ့ဒီလောက်ထိအညှိုးအတေးကြီးစွာနဲ့ မရက်စက်လောက်ဘူးလို့ထင်မိတယ်... တကယ်လိုသာ လွှီအိမ်ကလူတွေက ရက်စက်ရုံတင်မဟုတ်ပဲ အရမ်းယုတ်မာတဲ့လူတွေဆိုတာသိခဲ့ရင် ရှောင်ကျန့် ဆိုတဲ့ ယုန်ဖြူလေးက ဒီလိုတွေးပေးနိုင်ပါမလား...ရှောင်ကျန့်ပန်းခြံလေးထဲ ထိုင်ရင်တွေးတောနေတာဖြစ်တယ်... သူအ တွေးတွေ နစ်မျော်နေရာကနေ ရုန်းထွက်လိုက်ပြီးတော့ ခြံထဲကပန်းလေးတွေကိုလမ်းလေးလျှောက်ပြီး ကြည့်နေမိတယ်.... တစ်ချို့ပန်းတွေဆိုသူမသိတဲ့ ပန်းတွေတောင်ပါသေးတယ်...

YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanficယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...