အပိုင်း (23)
အိပ်ပျော်နေတာတောင် မျက်နှာလေးကလှနေတာပဲ လူတကာကို မြူစွယ်နေတဲ့ကောင်ပဲ... အမေအတိုင်းပဲဒီမျက်နှာလေးနဲ့ လုပ်စားနေတာက အရမ်းရွံစရာ ကောင်းလိုက်တာ... ဒီလိုကောင် အတွက်နဲ့ သူမတို့ရဲ့ လှပတဲ့ စိတ်ထားလေးနဲ့ဖြူစင်တဲ့ပုံရိပ်ကို မထိခိုက်စေချင်လို့ စိတ်ထိန်းလိုက်ပေမဲ့... ဒီမျက်နှာကို မြင်ရင် သတ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာမိတယ်... သူမ ကတော့ဒေါသစိတ်တွေကြောင့် လောင်မြိုက်နေပေမဲ့ အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်နေတဲ့ ရှောင်ကျန့်ကိုတော့ လုံးဝမကျေနပ်တာကြောင့် သူမရဲ့ ပုံရိပ်လည်း မထိန်းတော့ပဲလက်မောင်းကို အားနဲ့ရိုက်ချလိုက်ပြီးတော့နှိုးလိုက်တော့တယ်... ရှောင်ကျန့်လည်း ရုတ်တရက်အိပ်နေတုန်းအရိုက်ခံရတာကြောင့် နာသွားတဲ့ လက်ကလေးကို ကိုင်ပြီး မျက်ရည်ဝဲနေကာ လန့်ပြီး ထထိုင်မိကာ သူမတို့ကို ကြည့်နေတဲ့ ကောင်လေးအား..."ရှောင်ကျန့် နင့်ကတော့... ကောင်းကောင်းသေနေတယ်ပေါ့ဟုတ်လား... ဘာမှမလုပ်ထားတဲ့ သူတစ်ယောက်လို အေး ဆေးနေပြီး ငါတို့ ဒုက္ခရောက်နေတာကို ကြည့်ပြီး နင့်စိတ်ထဲဘယ်လောက်တောင် ကျေနပ်ပြီး အားရ ပျော်ရွှင်နေတယ်မလား... အမေအတိုင်းပဲ လူတကာရှေ့မှာကြောင်လေးလို လုပ် ပြနေတယ် တကယ်တော့ နင့်က အရမ်းကောက်ကျစ်တဲ့ မြေ ခွေးပဲ... အခုလည်း Wang သခင်လေးကို မြူစွယ်ဖို့ စဥ်စားနေတယ်မလား.... ကိုယ်ရုပ်ကို မှန်ထဲပြန်ကြည့်ဖူးလား ပြားချပ်ပြီး ဆွဲတောင်မှုမရှိတဲ့ နင့်က ငါတူမယင်ယွဲ့ရဲ့ ခင်ပွန်းလောင်းကို ဖြတ်ခုတ်ဖို့ တွေးတောနေတာလား.... "
သူကို စွတ်စွဲနေတဲ့ ယုချန်လျန်ကို ကြည့်ပြီး ရှောင်ကျန့် မျက် ရည်လေးဝဲပြီးတော့....
"ကျွန်တော် တစ်ခါမှ ဒီလိုမတွေးခဲ့မိဖူးဘူး....တွေးလဲ မတွေးခဲ့ဖူးပါဘူး... ကျွန်တော်ဘယ်သူကိုမှလည်း မမြူစွယ်ခဲ့ဖူးဘူး...."
"အခုမှ လူကြားကောင်းအောင် ပြောမနေစမ်းပါနဲ့ရှောင်ကျန့်ရယ်...နားခါးတယ် နင့်ရဲ့ စိတ်ထဲမှာ တွေးနေတာတွေကို ငါ့တို့ တွေးလိုက်တာ မှန်သွားလို့သွေးပျက်သွားတာလား.... နင်စိတ်ထဲမှာ ပျော်နေတာ ငါမသိရင်ခက်မယ်... ငါတို့ မှာတော့ အခုဖြစ်နေတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲ...တွေးရင်းခေါင်း တွေရှုပ်နေတာ ဒါပေမဲ့ နင့်ကတော့ပျော်နေမှာပေါ့နင့်ပြဿနာ မတက်ဘူးဆိုပြီးတော့ပေါ့.... "
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanficယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...