အပိုင်း (17)
Wang သခင်ကြီးမေးတဲ့ မေးခွန်းကို တကယ်ဖြေသင့်တဲ့ သူကလွှီသခင်မလေးဆုံး ဖြတ်ရမဲ့ကိစ္စလေ...သူကတော့ သူမ တို့ခိုင်းတဲ့ အတိုင်းလုပ်ရုံသာ ကိစ္စတွေအားလုံးပြီးရင် သူက ထွက်သွားရမဲ့သူလေ....မဖြေနိုင်တဲ့ မေးခွန်းမို့ ရှောင်ကျန့် ခေါင်းငုံထားမိတယ်... လွှီသခင်လေးကလည်း သူနားပိုပြီး
ကပ်လာတာကြောင့် တစ်ဖက်သို့ မသိမသာတိုးမိတယ်... လွှီသခင်လေးက မသိမသာပုံစံနဲ့ သူနောက်က ခုံးပေါ်ကို လက် တင်သလိုပုံစံနဲ့ သူနောက်မှာ လက်ထားပြီး သူရဲ့ကျော်ပြင်ကို ပွတ်သတ်နေတာကြောင့် သူနေရာကို မသိမသာရွေ့နေတာဖြစ်တယ်... သူနေရတာအဆင်မပြေပေ လွှီသခင်လေးတမင် လုပ်နေတာမှန်းသိတယ်... Wangသခင်ကြီးရှိတာကြောင့် သူမလှုပ်ရှားရဲ့တာကို အခွင့်ကောင်းယူပြီး အသားယူနေတာမှန်းသိတယ်... ရန်မင်းလည်း ရှောင်ကျန့် ဖြစ်နေတာကို ရိပ်မိတယ်... ရှောင်ကျန့်စိတ်ထဲမှာ ဖြစ်နိုင်ရင် သူရှိရာအရပ်ကနေထွက်သွားလို့ရရင် ထွက်သွားမှာ သေချာတယ်.... သူရှောင်ကျန့် မျက်နှာလေးကို ကြည့်လိုက်တာနဲ့ သိနိုင်လောက်အောင်ကို ရှောင်ကျန့်ရဲ့မျက်နှာလေးကတဆင်သိနိုင်တယ်... ရှောင်ကျန့်သူလက်ကလွတ်အောင် တဖက်ကို တိုးထိုင်တာ သူသိတာကြောင့်သူတမင်ရှောင်ကျန့်နားကို ထပ်ကပ်ထိုင်လိုက်ပြီး လေသံတိုးတိုးလေးဖြင့်..."ရှောင်ကျန့် မင်းဒီလိုသာဆက်ပြီးလုပ်နေမယ်ဆိုရင် တခြားသူတွေသိကုန်လိမ့်မယ်... စိတ်မဝင်စားသလို ဟန်မဆောင်နေစမ်းပါနဲ့ ဒီအမေက မွေးတဲ့ သားလည်း ဒီလိုအတန်းစားပဲလာမှာပဲဘာလဲ လူမြင်ကွင်းမှာမို့ ရှက်နေတာလား... ဒီတိုင်းလေး ကိုင်တာကို ရှက်ရွံသလိုလုပ်ပြမနေနဲ့..."
သူပြောလိုက်တော့ ရှောင်ကျန့် မျက်ဝန်းလေးက မျက်ရည်တွေကြောင့် အရည်လဲ့လာကြတာကို သူကြည့်ရင်းနဲ့...
"မင်းမျက်ရည်မကျနဲ့နော် ဘာလို့ငိုနေတာလဲလို့ Wang သ ခင်ကြီးက မေးရင်မင်းဘယ် လို ဖြေမလဲ... ငါကတော့ အေး ဆေးပဲ မင်းသာအရှက်ကွဲမှာမကြောက်ရင်ပေါ့... တကယ်လို့ ငါ့ကိုဆွဲထည့်လည်း ငါက ဘာမှဖြစ်မှာမဟုတ်ဘူး... မင်းအသံထွက်သွားရင်တော့ တခြားသူတွေက မင်းလိုနောက်ခံမရှိတဲ့သူကိုပဲ အပြစ်တင်ကြလိမ့်မယ်... "
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Фанфикယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...