အပိုင်း (19)
Wang Yiboတစ်ယောက်မာမီနဲ့ Super Market
လေးကို ဝင်ရင်းနဲ့ ဂါဝန်လေးတွေကိုဝတ်ရင် မျက်နှာမကောင်းတဲ့အတွက် ကြည့်ရတာ ကလေးငယ်မကြိုက်တဲ့ပုံစံလေးကို သတိရပြီး ကလေးငယ်ကို မျက်လုံးထဲမှာမြင်ယောင်သွားတာကြောင့် ယုန်ငယ်လေးအတွက် ယုန်လေးတွေပါတဲ့ညဝတ် ဝတ်စုံလေးတွေကို ဝယ်ပေးချင်သွားမိတယ်...ပြီးတော့ ဝတ်စုံလေးဆိုပေမဲ့ အိမ်ထဲမှာနေတဲ့ ကလေးငယ်အတွက်တော့ လုံ ခြုံသည်လို့ သူထင်မိတယ်... Yiboတွေးမိသွားတာကြောင့် ရှေ့က မာမီကို လှမ်းခေါ်လိုက်ပြီးတော့..."မာမီ.. သားကို ဟိုအဝတ်လေးတွေဝယ်ပေးပါနော်..."
သူမအံသြသွားမိတယ်... သူမနဲ့ လိုက်လာတဲ့ အခါတိုင်း တစ် ခါမှ ဒီလိုမျိုးလိုချင်တယ်လို့ မပြောဘူးတဲ့ သားဖြစ်သူကိုကြည့်လိုက် သူမသားလေးထိုးပြတဲ့ အင်္ကျီးလေးကိုကြည့်လိုက်မိတယ်... ဒါပေမဲ့ ဒီအဝတ်အစားက သားလေးရဲ့Sizeမဟုတ်တဲ့ အပြင်သေးနေတာကြောင့် သားဖြစ်သူအာ...
"သားရဲ့... သားနဲ့ မတော်ဘူးလေ လိုချင်ရေ မေမေ သားနဲ့တော်တာလေးတွေ ဝယ်ပေးမယ်လေ...လာမေမေ မေးပေးမယ်နော်"
သူမ သားလေးကို ချောပြီး ပြောမိတယ်....
"မဟုတ်ဘူး မာမီ...ကျွန်တော်ဝတ်ချင်လို့မဟုတ်ဘူး ပြီးတော့ ကျွန်တော်အတွက်လည်းမဟုတ်ဘူး အိမ်ကယုန်ကလေးလေးကို ပေးချင်လို့မာမီရဲ့.... "
"ယုန်ကလေးလေ... ဘယ်သူပါလိမ့်... "
သူခေါင်းပေါက်မတက်စဥ်းစားပေမဲ့ အဖြေမပေါ်တာကြောင့် ...
"သားဘယ်တုန်းက ယုန်မွေးလိုက်တာလဲ...ပြီးတော့ ဒီအဝတ် က ယုန်လေးတွေဝတ်လို့မှမရတာ..."
ပြီးတော့သူမတွေးလိုက်တာကသားလေးများရောဂါပိုရင့်သွားတာလားလို့ ထိန့်လန့်မိတော့တယ်... မဖြစ်ဘူးပြန်ရင်တော့ ဆရာဝန်နဲ့ သွားပြီး မေးရမယ်လို့သူမတွေးနေမိတုန်းမှာပဲ သားဖြစ်သူဆက်ပြောလာတာက....
"မာမီကလည်း ကလေးအတွက်ဝယ်ပေးချင်လို့လေ... သူမှာ ညဝတ်အင်္ကျီသိပ်မရှိတဲ့ပုံပဲ မာမီရဲ့သူလေးအတွက်ဝယ်ပေး ချင်လို့လေ..."
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...