အပိုင်း (13)
မောင်နှမနှစ်ယောက်လုံးမာမီကိုချောပြီးရှောင်ကျန့်အကြောင်း မေးနေတာ ဖြစ်သည်... ဒါမှ ရှောင်ကျန့်က သူမကိုတွေ့ရင် မောပြီးမကြည်ရဲတဲ့အပြင် သူမ ခိုင်းသမျှမလုပ်ပေးပဲမနေရဲတော့မှာလေ... ဟားဟား... ရှောင်ကျန့်သူမတို့ခိုင်းသမျှလုပ်နေတာကို စိတ်ကူးထဲတွေးရင်းနဲ့တောင် ပျော်ဖို့အရမ်းကောင်းနေတာ...တကယ်လက်တွေဆိုရင် ပြောမနေနဲ့တော့... ရန်မင်းတွေးနေသည်ကလည်း ရှောင်ကျန့်က ဟိုတစ်ခါအခန်းထဲမှာ သူအမေနဲ့ ပြဿနာတက်ပြီးထဲက သူကို မြင်တာနဲ့ တခြားကို အရင်ထွက်သွားတက်ပြီး သူကိုအနားကပ်မခံပဲ ရှောင်ခွာနေတာကြာပြီဖြစ်တာကြောင့် သူမှာမချင့်မရဲဖြစ်မိတယ်... သူကို ရှောင်လေလေ သူကလည်းရှောင်ကျန့် အနာကို ကပ်ချင်လေလေပဲ... သူသာ မာမီဆီကနေရှောင်ကျန့်အကြောင်းသိရင် သူအကြပ်ကိုင်သမျှရှောင်ကျန့်ငြင်းဆန်ရဲတော့မှာမဟုတ် ဘူး သူခိုင်းသမျှလုပ်ရတော့မယ်လေ... နောက်ဆုံး သူနဲ့အိပ်ပေးရမယ်လို့ ချိန်းခြောက်ရင်တောင်လက်ခံရတော့မည်သာ... ပြီးတော့ရှောင်ကျန့်မှာကအားကိုးစရာဘယ်သူမှမရှိဘူးလေ... သူတို့ခိုင်းသမျှလုပ်ရပေလိမ့်မယ်... ဒါကြောင့် မာမီဆီကနေ ရှောင်ကျန့်အကြောင်းပြောလာအောင်လုပ်နေတာဖြစ်သည်...
"မာမီကလည်း ပြောပြပါလို့ပြောနေတာကို... သားတို့ကို မယုံကြည်လို့မပြောပြတာလား... မာမီရာ... "
စိတ်ထဲအရမ်းသိချင်နေပြီး မာမီကလည်း ဒီစကားလေး နည်းနည်းပြောတာကို အချိန်ဆွဲနေတာကြောင့် စိတ်သိပ်မရှည်ချင်တော့ချေ...
"ပြောပါမယ်ဆို... ဟဲ...ဘယ်လိုဖြစ်နေတာလဲ တကယ်တည်းနင့်တို့မောင်နှမနှစ်ယောက်ကလေ အရမ်းစပ်စုလွန်းတယ်... ဒီလို... ဟေ့... ဒီလို... ရှောင်ကျန့် အမေက Night Class တစ်ခုမှာ ယောင်္ကျားလေးတွေနဲ့ ရှုပ်ထားတဲ့ပုံကိုအပြင်မှာဖြန့်လိုက်မယ်လို့ချိန်းခြောက်လိုက်တာလေ...ရှောင်ကျန့်က သူအမေကိုအရမ်းချစ်တာသူအမေသိက္ခာကျမှာကိုသူအကြောက်ဆုံးပဲလေ... အဲ့ဒါက ရှောင်ကျန့်ရဲ့ အားနည်းချက်ကမာမီတို့အတွက် ပိုပြီးအဆင်ပြေတယ်လေ... မာမီတို့ပြောသမျှမငြင်းရဲပဲ အကုန် လက်ခံလိုက်ရတာလေ... ဟင်း...ဟင်း... ဘယ် လိုလဲ သမီးတို့ရဲ့မာမီအရမ်းတော်တယ်မလား..."
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
أدب الهواةယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...