အပိုင်း (36)
သူမတို့ ထမင်းစားခန်းမှာ အလုပ်ရှုပ်နေတုန်းမှာပဲ ခြံစောင့်ကြီးက အိမ်တော်ဆီဖုန်းလှမ်းဆက်တယ်... ဘာလို့ဆိုရင် အိမ်နဲ့ ခြံကဝေးတာကြောင့် အိမ်ထဲထိလာမပြောတော့ပဲဖုန်းဖြင့်လှမ်းဆက်တာဖြစ်တယ်... ခြံစောင့်ကြီးဖုန်းဆက်ကြောင်ကို အိမ်အလုပ်သမားမလေးလာပြောတာကြောင့် Wang သခင်မကြီး ဖုန်းကိုင်ပြီး နားထောင်လိုက်တော့တယ်...
"Wang သခင်မကြီး အိမ်တော်ကိုလာလည်တဲ့ ဧည့်သည်တစ်ယောက်ရောက်နေတယ်..."
"ဘယ်သူလဲ ဦးလေး..."
တစ်ဖက်ကWang သခင်မကြီး အမေးကိုဖြေရခပ်နေပုံနဲ့ ဆက်မပြောပဲနဲ့ ရပ်နေပြီးတော့မှ ခြံစောင့်ကြီးက...
"ဟိုဟိုလေ... လင်းရွှမ်းဆိုတဲ့ မိန်းကလေးပါသခင်မ... တံခါးဖွင့်ပေးလိုက်ရမလား...."
ခြံစောင့်ကြီးစကားကြောင့်Wang သခင်မကြီးမျက်နှာပျက်သွားပြီးတော့မှ စိတ်ထဲမှာလဲ... သူမ ဘာလာလုပ်တာလဲ... မလာတာဘယ်လောက်ရှိနေပြီးလည်း အခုတော့ သားလေးပြန်ကောင်းတာတောင် မကြာသေးဘူး... ကောင်းတာနဲ့ လာတော့တာပဲ တိုက်ဆိုင်တာဆိုရင်တော့... ဒီမိန်ကလေးက တော် တော်လေးကံကောင်းတာပဲ... ဒါပေမဲ့ သားလေးနဲ့ပြန်ပြီးမတွဲစေချင်ပေ... ဒါပေမဲ့ လည်း သူမသားရဲ့ကိစ္စကို ဝင်ပြီးမစွတ်ဖက်တော့ဘူးလို့ ကတိပေးထားတာကြောင့် ဒီကိစ္စက Yibo အပေါ်သာ သက်ဆိုင်တယ်... Yiboလေး ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို စောင့်ရုံသာပင်... အခုတော့လည်း မကြိုက်ပေမဲ့ အောင့်ကာနမ်းဆိုတဲ့ အတိုင်းပဲ....ဖုန်းကိုင်ပြီးစကားဆက်မပြောပဲ မတ်တပ်ရပ်ပြီး တစ်စုံတစ်ခုကိုတွေးနေတဲ့ Wang သခင်မကို ရှောင်ကျန့်က....
"အန်တီ...အန်တီ..."
ရှောင်ကျန်ခေါ်သံကြောင့် သူမအတွေးတွေပျက်တောက်သွားတော့တယ်....
"အော်.... သားကျန်ကျန့်လေး အင်း... အန်တီအတွေးလွန် သွားလို့ပါကွယ်... သူမကို ဝင်ခိုင်းလိုက်ပါ ဦးလေး..."
သူမ ကျန်ကျန့်လေးကို ပြောရင်းနဲ့ ခြံစောင့်ကြီးကိုပါ ပြောပြီးဖုန်းချလိုက်တော့တယ်... ဖုန်းပြောရင်းအန်တီမျက်နှာပျက်နေတာကို ရိပ်မိတာကြောင့်...

YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanficယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...