အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.5K 102 10
                                    

အပိုင်း (24)

တော်ကြာ နင့်ကိုယ်နင်မတရားခံနေရတယ်ထင်မှာစိုးလို့လေ... ငါကပြောပြရတာ နသ့်အမေက ဘယ်လောက်ထိ ယုတ်မာတဲ့ သူလည်းဆိုတာ နားထောင်ကြည့်လိုက်... နင့်အမေက ကြာပန်းလေးလို ဖြူစင်ချင်ယောင်ဆောင်ပြီး သူများရည်စားတွေကို အချောင်ဖြတ်ခုတ်တဲ့မိန်းမလေ မျက်နှာလေးလှတာပဲရှိတယ်... အရည်အချင်းကလည်း သုညပဲလေ... ဒါကြောင့်လည်း သူလိုချင်တော့ အရည်အချင်းမရှိတော့ ခန္ဓာကိုယ်နဲ့ မြူစွယ်ပြီးယူတာလေ... နင့်မယုံဘူးမလား ငါဆက်ပြောတာနားထောင်လိုက် ဘယ်သူမှားတယ် မှန်တယ်ဆိုတာ သိလာလိမ့်မယ်... နင့်အရမ်းအထင်ကြီးတဲ့ နင့်အမေရဲ့အကြောင်းကို ပြောပြပေးမယ်... ဟင်းဟင်း... ငါတို့ ဆယ်ကျော်သက်အ ရွယ်တုန်းကပေါ့... အဲ့ဒီအချိန်တုန်းက လောရန်မြို့တစ်မြို့လုံးမှာ မိန်းကလေးပေါင်များစွာထဲမှာတော့ ငါ့တို့ညီအမနှစ်ယောက်လုံးက အလှဆုံးပဲ ဒါကြောင့် တစ်မျိုးလုံးက ယောင်္ကျားလေးတွေရဲ့ အရေးပေးခြင်းကို ခံရတဲ့သူတွေပေါ့... အဲ့ဒီထဲမှာမှ ငါ့တို့တိတ်ကလေးရင်ခုန်ရတဲ့ သူကို ငါနဲ့ ငါ့အမတို့
ရွေးချယ်ခဲ့တယ် သူတို့ကတော့ တခြားသူမဟုတ်ဘူး...အမချစ်ခဲ့တဲ့ သူက အခုလက်ရှိ အမရဲ့ယောင်္ကျား ရှင်ယွင်းလို့ခေါ်တဲ့ လွှီသခင်ကြီးနဲ့လေ... ငါ့ချစ်တဲ့ သူကတော့ မုန့်သခင်လေး မုန်းသန်းဆိုတဲ့ သူပဲပေါ့... ငါတို့ချစ်တဲ့ သူကို ငါ့တို့ရွေး ချယ်နိုင်ခဲတာကြောင့် ငါတို့တွေအရမ်းပျော်ခဲ့ကြတယ်... မိန်းကလေးဆိုတာက လက်ထပ်ရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်ကို ချစ်တဲ့ သူစီပေးချင်ကြတာ အိမ်မက်ပဲလေ...  သူတို့နှစ်ယောက်လုံးက ငါတို့ညီအစ်မနှစ်ယောက်လုံးကို ချစ်တယ်လို့ မပြောရသေးပေမဲ့ အရမ်းလည်း ဂရုစိုက်တယ်... ငါ့တို့ ညီ အစ်မနှစ်ယောက်လုံးကို မျက်နှာတောင် တစ်ချက် အညှိိုးမခံကြဘူး... မိဘတွေကလည်း ငါ့တို့တွေအချင်း ချင်းသံယောဇဥ်ရှိနေကြတာသိကြတာကြောင့် လွှီသခင်လေးနဲ့ မုန့်သခင်လေးတို့ရဲ့ မိဘတွေက သားရေး သမီးရေးပြောထားတဲ့ အထိရင်နှီးကြတယ်... ငါတို့တွေက ဖွင့်ပြောဖို့တောင်မလိုကြတဲ့ အထိရင်နှီးခဲ့ကြတယ်.... ဒါပေမဲ့ တစ်နေ့တော့ ငါတို့ရဲ့ ငြိမ်ချမ်းလှပနေတဲ့ ဘဝထဲကို ဖြူစင်ပြီးတော့ ချစ်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ ဟန်ဆောင်မျက်နှာဖုံးကို တပ်ဆင်ထားတဲ့ နင့်အမေမရောက်လာခင်ထိပဲ... နင့်အမေက မျက်နှာလေးချောတာ တစ်ခုပဲရှိတယ်... သူတို့ရှောင်အိမ်တော်က လူတွေက ပိုက်ဆံလည်းမရှိဘူး... အာလုံးကအခွံသာသာပဲ ရှိကြတာ ဒါပေမဲ့ သူတို့တွေကငွေမရှိပေမဲ့မာနတော့တော်တော်ကြီးကြတယ်.... နင့်အမေကလည်း ငွေသာမရှိတာ မာနကခေါင်ခိုက်ပြီး ဆက် ဆက်ထိမခံတဲ့ မိန်းကလေးတစ်ယောက်လေ... သူမက ချောပေမဲ့ဆက်ဆံရေးမကောင်းကြတာကြောင့် တစ်ဖြေးဖြေးနဲ့ ကျောင်းကလူတွေကြားမှာ နာမည်ကြီးလာတာက မာနမင်း သမီးဆိုပြီးဖြစ်လာခဲ့တယ်... သူမက ဘဝင်ခေါင်ခိုက်နေတာကြောင့် ဘယ်သူကမှ မခေါ်ချင်ကြဘူးလေ... ဒါပေမဲ့ နင့်အမေက မာနကြီးတယ်ဆိုတာ သူများတွေကို အထင်ကြီးအောင်လုပ်ပြနေတဲ့ ပြယုတ်တစ်ခုပါပဲ တကယ်တမ်းကြတော့... နင့်အမေက ယောင်္ကျားတွေကို စ်ိတ်မဝင်စားချင်ယောင်ဆောင်ပြီးတော့သူကိုစိတ်ဝင်စားလာအောင်လုပ်ပြီးသူကိုကြိုက်သွားပြီဆိုရင် ချူးစားနေတယ်လေ.... ဒါတောင် နင့်အမေက အားမရဘူး ငါတို့ရဲ့ ရည်စားဖြစ်တဲ့ လွှီသခင်​လေးနဲ့မုန့်သခင်လေး အထိပါ မြူစွယ်ဖို့ကြိုးစားခဲ့တယ်... လွှီသခင်လေးနဲ့ မုန့်သ ခင်လေး နင့်အမေရဲ့ မာယာကျော့ကွင်းနဲ့ မျှားပေမဲ့ သူတို့နှစ်ယောက်လုံးက ငါတို့တွေကိုပဲ ကြိုက်တာကြောင့် နင့်အမေကို ငြင်းခဲ့တာကို သူမက လက်မခံပဲနဲ့...

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now