အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.3K 85 10
                                    

အပိုင်း (34)

ယဲ့ သခင်ကြီး စိတ်နဲ့ ကိုယ်နဲ့ မကပ်ဖြစ်နေတဲ့ အချိန်မှာပဲ စင်ပေါ်ကို ကြော်ငြာပေးတဲ့ သူပြန်တက်လာပြီးတော့....

"ဟုတ်ကဲ့ပါ... ကျွန်မတို့တွေ အခုဆို တင်ပြချက် အသီးသီးကို လုပ်ပေးသွားတဲ့ ကုမ္ပဏီတွေရဲ့ ကိုယ်စလှယ် လူကြီးမင်းတွေကို ကျေးဇူးတင်ပါတယ်ရှင့်... အခုအချိန်ဆိုရင်တော့ အားလုံးမျှော်လင့် စောင့်စားနေတဲ့ အချိန်လေးကို ရောက်ရှိလာပြီလို့ ကျွန်မထင်ပါတယ်.... ကဲ့...အခုဆိုရင်တော့ ရလဒ်လေးကို ကြော်ငြာပေးမဲ့သူကို ဖိတ်ခေါ်ပါတယ်... စင်မြင့်ပေါ်ကို ကြွရောက်လာပေးပါရှင့်...."

ကြော်ငြာပေးတဲ့ သူရဲ့ အသံအဆုံးမှာတော့...

"ဟုတ်ကဲ့... ကျွန်တော်က လီရှင်းပါ.... အခုရလဒ်ကို ကြော် ငြာပေးမဲ့ သူပါ... ကျွန်တော် စကားကို မဝေ့တော့ပဲနဲ့ လိုရင်းပဲ ပြောပါတော့မယ်... အခု ဒီProject အတွက်လုပ်ပိုင်ခွင့်ရတဲ့သူကတော့ Wang Groupဖြစ်ပါတယ်... စင်မြင့်ထက်ကို ကြွပေးပါလို့ဖိတ်ခေါ်ပါတယ်..."

Wang Yiboကတော့ သူမူပိုင်အတိုင်း အပြုံးအရယ်မရှိပဲနဲ့ ခပ်တည်တည်နဲ့ စင်ပေါ်ကို တက်ပြီးတော့...

" Wang Groupလုပ်ပိုင်ခွင့်ပေးတဲ့ အတွက်ကျေးဇူး တင်ပါတယ်... "

Wang Groupကရသွားတာကြောင့် ယဲ့သခင်ကြီးနည်းနည်းမှ မကျေနပ်ချေ... သူစိတ်ထဲမှာ ခလုခလုဖြစ်နေပေတယ်... သူတွေးမရတာ ဒီလောက်အချိန်အတွင်းမှာ Pro ject အသစ်ကို ဘယ်လိုများရေးလိုက်တာလဲ... သူလုပ်ချင်တာက ခက်ခဲအောင်လုပ်ချင်တာလေ... အခုကမခက်ခဲတဲ့ အပြင် အားလုံးအဆင်ပြေနေကြတာကို လက်ခံချင်ပေ... ပြီးတော့ သူခိုးထားတာကို Wang Groupက ဘာမှလုပ်လို့မရတာပေ... သူယူထားတာက သက်သေမရှိတဲ့ အပြင် အခု Wang Groupက လုပ်ပိုင်ခွင့်ရသွားပေမဲ့ ရှယ်ယာရှင်လည်းမရှိ ငွေမရှိတာကြောင့် ဘာမှလုပ်နိုင်ဖို့မရှိတာကို သူသိတာကြောင့် မတ်တပ်ထရပ်လိုက်ပြီးတော့...

"ကျွန်တော် မရှင်းတာလေး နည်းနည်းရှိလို့ Wang Groupက Wang သခင်လေးကို မေးခွန်းလေး နည်းနည်းလောက်မေးပါရစေ... အဟက်..."

လှောင်ရယ်ပြီးတော့ Wang Yiboကို ခနဲ့တဲ့တဲ့ မေးလိုက်တယ်... သူမေးသံကြောင့် ခန်းမတစ်ခုလုံးလည်း အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားတော့တယ်... လူတွေက လည်း စိတ်ဝင်တစား စင်မြင့်ပေါ်မှာရှိနေတဲ့ Wang Yi boကို ကြည့်နေကြတော့တယ်.... Wang Yiboကလည်း သူရဲ့ မူပိုင်အတိုင်း ဂရုမစိုက်စွာဖြင့် ယဲ့သခင်ကြီးကို ပြန်ကြည့်ပြီးတော့...

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now