အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

3K 127 6
                                    

အပိုင်း (2)


ဆိုက်ကယ်မှောက်ထားတဲ့ ကောင်လေးကိုသွားကူထားတာကြောင့်ကောင်လေးရဲ့ သွေးတွေက ပေကျန်နေတဲ့ကိုယ်ကို ထိလာတာကြောင့် ရှောင်ကျန့်လက်ကလေးတွေမှာ သွေးတွေပေနေတော့တယ်.... ရှောင်ကျန့် ကားဆီကိုရောက်တော့ ကားရဲ့နောက်ခန်းကနေဒေါသမျက်လုံးတွေနဲ့ကြည့်နေတဲ့ လွှီသခင်မလေးနဲ့ လွှီသခင်လေးရဲ့ မျက်လုံးတွေကို ရင်မဆိုင်ရဲတာကြောင့် ရှောင်ကျန့်ခေါင်းငုံထားမိတယ်... ခုထိကားပေါ်ကိုမတက်ရဲသေးပဲ ကားလေးရဲ့ဘေးမှာရပ်နေမိတော့တယ်.... ရပ်​တဲ့ ရှောင်ကျန့်ကို ကြည့်ပြီးတော့ လွှီသခင်မလေးက....

"ဟဲ့.... ငါ့တို့က နင့်ကို ပြန်ပြီးစောင့်နေရတယ်နော်ရှောင်ကျန့်ဆိုတဲ့ ဂရုဏရှင်ကြီးရဲ့ ဘယ်ကမှန်းမသိတဲ့ ကလေကချေတွေကို သွားပြီးကူညီနေတယ်...တခြားသူတွေအများကြီးရှိနေတာကိုများ သွားပြီးကူနေသေးတယ်.... ဘယ်လောက်ပဲကူညီကူညီ နင့်က သူများအိမ်မှာ ကပ်နေတဲ့ ကပ်ပါးကောင်းဆိုတာနားလည်ထားလိုက်စမ်းပါ... နင့်ကြောင့် ငါ့တို့ရဲ့ လွှီအိမ်တော်ကြီး သိက္ခာအရမ်းကျတယ်... ဒီနေ့မှရောက်တယ် ဒီနေနင့်ရဲ့ စရိုက်တွေက မကောင်းတာကို တွေ့ရတယ်... ဒီလိုလူမျိုးနဲ့ ငါတို့တွေရှေ့ဆက်ဘယ်လိုခရီးသွားရမှန်းတောင်မသိတော့ဘူး... တော်တော်လေးကို စိတ်ဆင်းရဲမိတယ်ကိုကိုရဲ့ သူအမေအတိုင်းပဲ ဖြစ်လိမ့်မယ့် အစ်ကိုကြီးကလည်း သူမှသူဖြစ်နေတာခက်တယ်..."

ရှောင်ကျန့်လွှီသခင်မလေးရဲ့ စကားကြောင့် မျက်ရည်လေးဝဲနေတဲ့ မျက်ဝန်းထဲက မျက်ရည်လေးတွေကို မကျအောင်မျက် တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်မိတယ်.... သူလက်ထဲမှာတော့ ကောင်လေးပေးလိုက်တဲ့ ဟန်းချိန်းလေးကို အားကိုးရာတစ်ခုအနေနဲ့ ဆုတ်ကိုင်ထားမိဆဲပင်.... အခုထိ မတ်တပ်ရပ်နေတဲ့ ရှောင်ကျန့်အား....

"ဟဲ့.... မတက်သေးဘူးလား... ငါ့တို့က ကားပေါ်နင့်တက်ဖို့ကို ဝေါ်ယာဥ်နဲ့ ပင်ဖိတ်ဖို့လိုသေးလို့လား... ဘယ်လိုအသုံးမကျတဲ့ သူလည်းမသိဘူး..."

"မဟုတ်...မဟုတ်ပါဘူး...ကျွန်တော်တက်ပါမယ်..."

ရှောင်ကျန့်ခေါင်းခါပြရင်းနဲ့ပျာပျာသလဲအဖြေပေးရင်းနဲ့ ကားတံခါးလေးကို အမြန်ဆွဲဖွင့်ပြီးတော့ ကားပေါ်ကိုတက်မိတော့တယ်... ရှောင်ကျန့် မျက်နှာမကောင်းတဲ့အပြင် မျက်ရည်ဝဲနေတာကိုတွေ့နေတဲ့ ကားမောင်းသမားကတော့ စိတ်မကောင်းပေမဲ့ သူလည်းမတက်နိုင်တဲ့ဘဝမို့ ဒီတိုင်းသာကြည့်နေလိုက်တော့တယ်... သူကဒီ လွှီအိမ်ရဲ့ကားမောင်းသမားတစ်ယောက်လေ သူသခင်တွေသူအပေါ် အမြင်မစောင်းစေဖို့လိုတာကြောင့် ရှောင်ကျန့်ကိုပြောတာတွေကိုသာ နားထောင်နေမိတယ်... ဘာမှတော့ဝင်မပြောမိပေ သူနဲ့မဆိုင်သလိုသာနေမိတော့တယ်... သူခေါင်းလေးငုံပြီးမျက်ရည်ကျနေတဲ့ ရှောင်ကျန့်ကိုတော့ သူလက်ကိုင်ပုဝါ အနွမ်းလေးပေးမိတယ်.... ဒါပေမဲ့

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now