အပိုင်း (18)
ယုချန်လျန်ကသူဘက်မှာ မရှိပေမဲ့ လွှီသခင်မကြီးကတော့ သူသားကို သူလိုလူမျိုးနဲ့ မတန်ဘူးလို့တွေးထားတဲ့ အတွက်အ နည်းဆုံတော့ သူဘက်မှာ ရှိနေနိုင်တယ်လို့ တွေးမိတာကြောင့်
ရှောင်ကျန့်နောက်ဆုံးအားကိုးရာဖြစ်တဲ့ လွှီသခင်မကြီးကို အ သနားခံမျက်ဝန်းလေးတွေနဲ့ ကြည့်မိတယ်... ယုချန်လျန်က တော့ ရှောင်ကျန့်ဘာလုပ်မလဲ ကြည့်နေတာကြောင့်လွှီသခင် မကြီးကို သနားစရာပုံစံလေးနဲ့ ကြည့်ပြီး တောင်ပန်နေတဲ့ ကောင်လေးကို သဘောကျစွာရယ်ပြီးတော့...."ကြည့်မနေနဲ့ဘာလို့များ မြင့်မြတ်တဲ့ ပုံစံဖမ်းချင်နေရတာလဲ... ဒါမှမဟုတ် ပိုက်ဆံလိုချင်လို့လား... နင့်တစ်ခါလောက်အတူတူနေဖူးရင် နင့်သဘောတွေ့သွားမှာ နောက်ဆို တခြားသူတွေနဲ့ပါ အိပ်ချင်သွားလိမ့်မယ်... ငါ့တူက နင့်ကို သူရဲ့ အ တွေ့အကြုံတွေကို သေသေချာချာ စနစ်တကျသင်ပေးမှာ ဘာမှ ပေးစရာမလိုဘူးနော်... နင့်နဲ့ နင့်အမေက သိပ်ပြီးမကွာပါဘူး... သူက နင့်ကိုသူနဲ့ တော်တော်လေးတူအောင် မွေးထားတာပဲ... နင့်က ရုပ်ဆိုးပေမဲ့ ချစ်စရာကောင်းတဲ့ သူဆိုတော့ လုပ်စားရင်တောင် ရတယ်.... ဟင်းဟင်း... ပြီးတော့ နင့်ကြည့်နေတဲ့ သူကလည်း သူသားဘက်ကပဲ... "
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုနေတဲ့ ယုချန်လျန်ကို ကြည့်ပြီးတော့ မတောင်းပန်တော့ဖို့ဆုံးဖြတ်လိုက်တော့တယ်....
"အန်တီရော လုပ်စားဖူးလို့လား... ကျွန်တော်ကတော့ ဘယ် တော့မှ အဲ့ဒီလို လုပ်မှာမဟုတ်ဘူး... ပြီးတော့ လူတစ်ဖက် သားရဲ့ အားနည်းချက်ကိုနင်းပြီးပြောတဲ့သူကမှအောက်တန်း ကျတယ်လို့မထင်ဘူးလား... ပြီးတော့ ကျွန်တော်အမေက ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ... သူမဟာ ကျွန်တော်ကို မွေးထုတ်ပေးခဲ့တဲ့ အမေပဲ... ဒါကြောင့် ကျွန်တော်သီးခံပြီး အန်တီတို့ခိုင်းသမျှ လုပ်ပေးနေတာ နောက်ထပ်ဘာမှ ထပ်မလုပ်နိုင်တော့ဘူး..."
"ဘာ....ဘာပြောတယ်... မိန်းမယုတ်ရဲ့ သားကအပြောသွက် လှချည်လား... သိပ်တက်နေတယ်ပေါ့ ဟုတ်လား... အေး... ငါကတော့ မလုပ်ဖူးဘူး နင့်ကိုတော့ လုပ်ကြည့်ခိုင်းမှာ ဟင်းဟင်း... "
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanfictionယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...