အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

2.7K 110 20
                                    

အပိုင်း (42)

Wang အိမ်တော်ရဲ့ ခြံရှေ့မှာ ကားတစ်စီးထိုးစိုက်လာတာကြောင့် ခြံစောင့်ကြီးက ခြံထဲကနေလှမ်းပြီးတော့ မေးလိုက်တာက...

"ဘာကိစ္စရှိလို့လဲမသိဘူး...ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး..."

ကားပြတင်းပေါက်လေလျောကျလာပြီးတော့ လူတစ်ယောက်ခေါင်းထွက်လာပြီးတော့...

"ကျွန်တော်တို့က လွှီအိမ်တော်ကပါ... ရှောင်ကျန့်ကို လာပြန်ခေါ်တာ.... ကျေးဇူးပြုပြီးတော့ တံခါးလေးတစ်ချက်လောက်ဖွင့်ပေးလို့ရမလား... လွှီသခင်မကြီးကိုယ်တိုင်လာတာကြောင့် ခြံပြင်မှာ စောင့်နေရရင်သိပ်အဆင်မပြေဘူးဗျ..."

အဲ့ဒီအချိန်မှာပဲကားလေးရဲ့နောက်ခန်းတံခါးပွင့်လာတာကြောင့် လှမ်းကြည့်လိုက်တော့ လွှီသခင်မကြီးကို တွေ့တာကြောင့် ခြံစောင့်ကြီးက ထိုမိန်းမကို ပြုံးပြလိုက်ပြီးတော့ သူမအား...

"သြော်လွှီသခင်မကြီးလည်းပါလာတာကို.... ဒါပေမဲ့ သခင်လေးတို့က အခုလေးတင်အပြင်ထွက်သွားတော့... "

ခြံစောင့်ကြီးပြောတာကို လွှီသခင်မကြီးက...

"သြော်...ကျွန်မတို့ Wangသခင်လေးမရှိတာသိပါတယ်... Wang သခင်လေးနဲ့ လမ်းထိတ်နားမှာတွေ့ပြီး စကားပြောခဲ့ပြီးပါပြီ သူအိမ်မှာမရှိဘူးတဲ့ သွားခေါ်ချင်ခေါ်လို့ရတယ်တဲ့ လို့သူကပြောလို့ ကျွန်မလာခဲ့တာပါ...မယုံရင် ဖုန်းခေါ်ပြီးတော့ မေးကြည့်လို့ရပါတယ်...."

ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ ဖုန်းခေါ်လို့မရပါစေနဲ့ လို့ ဆုတောင်းနေမိတယ်... ဖုန်းခေါ်ရင်ပေါ်သွားနိုင်တာကြောင့် သူမနည်းနည်းတော့လန့်မိတယ်... တကယ်လို့ Wang Yiboကိုဖုန်းခေါ်လိုက်ရင် သူမတို့ လိမ်ထားတာပေါ်သွားလိမ့်မယ်... ခြံစောင့်ကြီး ဖုန်းခေါ်ပေမဲ့ ဖုန်းမကိုင်တာကြောင့်ခြံစောင့်ကြီးနည်းနည်းတော့ အခက်တွေ့နေတော့တယ်....

"ဒါဆိုရင် Wang သခင်ကြီးနဲ့ သခင်မကြီးတို့ရဲ့ ဖုန်းကို ဆက်လိုက်ပါမယ်..."

လွှီသခင်မကြီး ခြံစောင့်ကြီးစကားကြောင့် မျက်နှာပျက်သွားမိတယ်... မျက်နှာကို ချက်ချင်းပြင်လိုက်ပြီးတော့...Wang သခင်မကြီးတို့ကို ဆက်ဖို့လုပ်နေတဲ့ ခြံစောင့်ကြီးအား...

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now