အမုန်းဖြင်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.5K 97 11
                                    

အပိုင်း (29)

မနက်ဖြန်သူလုပ်ရမဲ့ အစီအစဥ်တွေကို ဒယ်ဒီကို ဖခင်တစ်ယောက်အနေနဲ့ ပြောပြသင့်တယ်လို့ သူထင်မိတာကြောင့်...

"ဒယ်ဒီ အလုပ်ကိစ္စကိုစိတ်မပူပါနဲ့ ကျွန်တော်အားလုံးပြင်ဆင်ပြီးသွားပြီး... ပြီးတော့ မနက်ဖြန်ဒယ်ဒီအရင်သွားနှင့် ကျွန် တော်နောက်ကလိုက်လာခဲ့မယ်... မနက်ဖြန်ကျရင် ကျွန်တော် တို့ တင်ပြမဲ့လို့ စီစဥ်ထားတဲ့ Projectsကို ပယ်လိုက်ပါ... အဲ့ဒီအစား တခြားတစ်ခုလုပ်မလို့ပါဒယ်ဒီ.... "

ဒယ်ဒီက သူပြောတာကို နားမလည်တာကြောင့် သူကို ကြည့်ပြီးမှ...

"ဟင်.... သားက ဘယ်လိုစိတ်ကူးထားတာလဲ... ဒယ်ဒီတို့ တင်ပြမဲ့ Projectကို ရှယ်ယာရှင်တွေအကုန်သဘောတူပြီးသွားပြီ... ဒယ်ဒီတို့ကသာ ရုတ်သိမ်းလိုက်ရင် တခြားကုမ္ပဏီတွေရှေ့မှာအရှက်ကွဲနိုင်တယ်သား... တကယ်လို့ သူတို့ကို မတိုင်ပင်ပဲ ရုတ်သိမ်းလိုက်တယ်လို့ ထင်သွားပြီး Wang Groupမှာ ရင်နှိးထားတဲ့ ငွေတွေကို ပြန်ထုတ်သွားခဲ့ရင်.. ဒယ်ဒီတို့ကုမ္ပဏီကြီး ယိုင်သွားလိမ့်မယ်နော်သား...."

သူဒယ်ဒီပြောတာကို ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်တယ်... ပြီးတော့ မှ....

"ကျွန်တော်လည်းတွေးမိပါတယ် ဒယ်ဒီ... ကျွန်တော်တို့က Projectကို ရုတ်သိမ်းလိုက်တယ်ဆိုတာက အဲ့ဒီအစား အခုကျွန်တော်တို့သုံးမဲ့ အသစ်Projectsကို တင်ပြမှာလေ... ကျွန်တော် လူတို့အားလုံးကို ပြောပြလိုက်ရင် ကုမ္ပဏီမှာ အတွင်းသတင်းပေးရှိနေတယ်... ဒါကြောင့်အလုပ်မှာ မပြောပဲထားပြီးတော့မှ လူသိရှင် ကြားတစ်ခါတည်း ချပြမယ်... အဲ့ဒါမှ သူတိုတွေက လက်မခံရင်တော့ ရှယ်ယာတွေ ပြန်ထုတ်သွားကြပါစေ..."

သူပြောတာကို ဒယ်ဒီက နားထောင်ပြီးတော့...

"သားအစီအစဥ်ကောင်းတယ်... ဒါပေမဲ့ ဒယ်ဒီတို့က သူတို့ကို မတင်ပြဘူးဆိုပြီး ရှယ်ယာရှင်တွေ ရှယ်ယာတွေလဲ ပြန်ပြီး မထုတ်ပဲ ဒီတိုင်းပဲ ရွဲ့တဲ့ ပုံစံနဲ ပြဿနာရှာရင်ရော..."

"အဲ့ဒီအရာတွေကို ကျွန်တော်ကြိုတင်တွေးထားပြီးသားပါ... တကယ်လို သူတို့သဘောမတူရင် သူတို့ရဲ့ ရှယ်ယာတွေကို ကျွန်တော် ပြန်အမ်းလိုက်မယ်... ကျွန်တော်က အစောကြီးထဲက Wang ကုမ္ပဏီကို တစ်ဦးတည်းပိုင်ဖြစ်ချင်တာ ဖြစ်နိုင်ရင် ဒယ်ဒီရဲ့ သူငယ်ချင်းလွှီသခင်ကြီးကိုတောင် ကျွန်တော်က ရှယ်ယာတွေပြန်အမ်းချင်နေတာ..."

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now