အပိုင်း (40)
သူမရှေ့မှာ ဟိုကောင်လေးကို ကလေးတစ်ယောက်လို့ ကြည့်ခိုင်းနေတဲ့ကိုကို ကိုကြည့်ပြီးတော့ သူမ မျက်နှာမဲ့ မိတယ်... သူမနေမကောင်းရင်တောင် ဆေးလေးသောက်ဆိုပြီးတော့... ပြောတာကြီးပဲ အခုလိုမျိုးဂရုတစိုက်နဲ့ ကိုယ်တိုင်ဖျော်ရည်ဖျော်ပေးတာနဲ့ သူမမနာလိုဖြစ်မိတယ်...အိမ်အကူကောင်မ လေးကို သေချာမှာပြီးတဲ့ အထိသူမ ရပ်စောင့်နေရတယ်... စိတ်တိုနေတာတောင် ဂရုစိုက်မဲ့သူမရှိပေ... ပြီးတော့မှ ဘာမှမပြောပဲနဲ့ဧည့်ခန်းဘက်ကိုလျှောက်သွားတော့တယ်... Yibo ဧည့်ခန်းဘက်ကို လျှောက်လာတော့... မာမီနဲ့ ဒယ်ဒီတို့အခန်းထဲက ထွက်လာကြတာနဲ့ဆုံတော့... မာမီမျက်နှာက ဘဝင်မကျတဲ့ ပုံစံပေမဲ့ သားဖြစ်သူကို လှမ်းကြည့်ပြီးတော့...."သားYibo... ကျန်ကျန့်လေးရော ကလေးအဆင်ပြေရဲ့လား... ကလေးကို အခန်းထဲမှာအရမ်းဆူနေတာတော့မဟုတ်ဘူးနော်... ကလေးကနေမကောင်းတော့ သားကနည်းနည်းလေးသည်ခံပေးနော်... ဒါမှမဟုတ် မာမီလာစောင့်ပေးရမလား..."
"အဆင်ပြေပါတယ်မာမီ... သားပဲ စောင့်ပေးလိုက်ပါမယ်..."
သားဖြစ်သူရဲ့အဖြေကိုနားထောင်းရင်းနဲ့ သားဖြစ်သူနောက်ကပါလာတဲ့ လင်းရွှမ်းကို မြင်တာကြောင့် သူမ မကြိုက်တာကို မျက်နှာအမူအယာနဲ့ ပြပြီးတော့...
"မိုးလည်းအရမ်းချုပ်နေပြီး မပြန်သေးဘူးလားလင်းရွှမ်း... တန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက်ဆိုရင်တစ်စိမ်းယောင်္ကျားလေးအိမ်မှာ ညထိရှိမနေသင့်တော့ဘူးလေ... ညအချိန်အပြင်မှရောက်နေတဲ့ သမီးဖြစ်သူကို မိဘတွေက ဘာမှမပြောဘူးလား..."
"အဟမ်း..."
ဇနီးဖြစ်သူရဲ့ စကားကြောင့် Wangသခင်ကြီးက စကားမလွန်အောင်ချောင်းဆိုးသလိုလိုနဲ့ မိန်းမဖြစ်သူကို သတိပေးသလို တားလိုက်တော့တယ်... သူဇနီးက ထိုမိန်း ကလေးကို ကြည့်မရဖြစ်နေတာသိပေမဲ့သားဖြစ်သူက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိတာကြောင့် တားလိုက်တာဖြစ်တယ်... ဇနီးသည်နဲ့ သားဖြစ်သူပြဿနာမဖြစ်စေချင်တာကြောင့်လည်းပါတယ်...
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Фанфикယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...