အပိုင်း (10)
Wang အိမ်တော် ....
ခြံဝန်းအပြင်ဘက်မှာ တပ်ထားတဲ့ Wangအိမ်တော်ဆိုတဲ့ ရွှေရောင်ဆိုင်ဘုတ်ကြီးကပင် ခမ်းနားလွန်းလှပြီး လှပနေ လျက်ရှိတယ်....ခြံဝန်းကြီးကလည်း မြင့်မားလွန်းတဲ့ တံတိုင်းတွေနဲ့ ကာရံထားတာကြောင့် အပြင်ကနေ အထဲကိုတောင် မမြင်နိုင်ပေ...သူတို့ကားလေးခြံရှေ့ရောက်လာတာမြင်တော့... အထဲကနေ ခြံစောင့်ဖြစ်ဟန်တူတဲ့ သဘောကောင်းတဲ့ ပုံစံနဲ့ လူကြီးက တံခါးအနီးကို လျှောက်လာပြီးတော့မှ..."ဘာကိစ္စရှိလို့လဲ... ဘယ်ကလာတာလဲ ဘယ်သူလို့ပြောပေး လိုက်ရမလဲ... ကြိုတင်ချိန်းဆိုးထားတာရှိသေးလား.... "
သူ မေးလိုက်တော့ ကားတံခါးပြတင်းတစ်ဖက် ပွင့်လာပြီးတော့...မိန်းမကြီးတစ်ယောက်ရဲ့မျက်နှာပေါ်လာတော့တယ်... သူမ ပုံစံကြည့်ရသည်မှာ မျက်နှာက ချောမောပုံပေါက်ပေမဲ့ မျက်လုံးတွေက ကောက်ကျစ်တဲ့ ဟန်ပန်အပြည့်ပင်နေရာယူထားတာကိုတွေ့နိုင်ပေးတယ်... သူမ မျက်နှာက ရိုးသားတဲ့ ပုံစံတစ်စက်မှမရှိပေ... အဆင့်အတန်းခွဲခြားတဲ့ ပုံ စံမျိုးပေါ်လွင်နေပေတယ်.... ဘေးကအသားညိုညိုနဲ့ခါးလယ် လောက်ရှိတဲ့ ဆံပင်လေးနဲ့ ဂါဝန်လေးဝတ်ဆင်ထားတဲ့ မိန်းက လေးကိုတော့ တစ်ချက်ကြည့်လိုက်တယ်... ထိုမိန်းကလေးရုပ်ဆိုးတယ်ဆိုပေမဲ့ မျက်မှန်အောက်က မျက်ဝန်းလေးတွေက အပြစ်ကင်းစင်နေတာကို ကြည့်ရင်တောင် တွေ့နိုင်ပေတယ်... သူကြည့်နေတာသိတော့ သူကို ပြုံးပြလာတဲ့ ကလေးမလေးက ချစ်စရာကောင်းတယ်လို့ ထင်မိတယ်.... သွားအ ကြီးကြီးနှစ်ချောင်းကြောင့် ပြုံးလိုက်တဲ့ အခါပိုပြီး ကလေးဆန်သွားစေတော့တယ်... မိန်းမကြီးက အထင်သေးသလိုပုံစံနဲ့ သူကို ခြေဆုံးကြည်ပြီးတော့မှ....
"ငါတို့က လွှီအိမ်တော်ကလာတာWang အိမ်တော်ကဖိတ် ထားလို့ပဲ... ငါတို့ရောက်လာမယ်လို့ ကြိုပြီးမပြောပြထားဘူးလား... အခုချက်ချင်းသွားပြောလိုက် ငါက စောင့်ရတာမကြိုက်ဘူးနော်... မြန်မြန်သွားတာ ပိုပြီးကောင်းလိမ့်မယ်..."
ခြံစောင့်လုံခြုံရေးကြီးက ဂိတ်တဲထဲကနေအိမ်ထဲကိုလှမ်းပြောလိုက်တဲ့ ပုံစံပင် ခဏကြာတော့ ခြံတံခါးကို ဖွင့်ပေးလာတော့တယ်... ကားလေးက ခြံထဲမောင်းဝင်လိုက်တော့ အပင်ကြီးအပင်ငယ်တွေရောပဲမို့ ရှောင်ကျန့်ကတော့ မြင်မြင်တမျှကို ကားပြတင်းကနေငေးကြည့်နေမိတယ်... ခြံကြီးက အရမ်းလှတာပဲ ခြံထဲမှာ ပန်းပေါင်းစုံစိုက်ထားတာတွေ့နေရတယ်.... ပြောမယ်ဆို သူနေခဲ့တဲ့ လွှီအိမ်တော်ထက်တောင် ပိုပြီးကြီးတာကို တွေ့ရတယ် Wang အိမ်တော်က လွှီအိမ်တော်ထက်ပိုပြီး ကျယ်နေတဲ့ ပုံပင် ချမ်းသာတာကလည်း ပြောစရာကိုမလိုလောက်အောင်ပင်... ခြံထဲကို ကားမောင်းဝင်တာတောင် (15)မိနစ်လောက်ကြာပြီးမှ အိမ်ကြီးဆီကို ရောက်လာကြတော့တယ်... သူတို့ အိမ်ရှေ့ရောက်တော့ အပေါက်ဝမှာ ရုပ် ရည်သန့်ပြန့်ပြီး ချောမောသိပ်မွေ့ပုံရတဲ့ အမျိုးသမီးတစ်ယောက်က ကြိုနေတာကို တွေ့လိုက်ရတယ်... သူတို့လဲ ကားပေါ်က ဆင်းလာတော့ သူမ မျက်လုံးတွေက ရှောင်ကျန့်ဆီမှာ အချိန်အတော်ကြာ ကြည့်နေပြီးတော့မှ လွှီသခင်မရဲ့ညီမဖြစ်သူထံ မျက်လုံးရောက်ပြီးတော့ ပြုံးပြုံးလေးဖြင့်....
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fiksi Penggemarယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...