အပိုင်း (38)
သူမ မျက်လုံးက ကျန်ကျန့်ကိုင်ထားတဲ့ ဟင်းရည်ပူပေါ်ကို ရောက်သွားပြီး ယုတ်မာစွာ ပြုံးလိုက်တော့တယ်... သူမရှေ့ ကသူက သေချာကြည့်တော့ ကြည့်လေကြည်လေအရမ်းချစ်ဖို့ကောင်းလာလေပဲ... မဖြစ်ဘူး ဒီတစ်ယောက်သာ ကိုကိုနားမှာ ဆက်ရှိနေရင် ကိုကိုကပြန်ပြီးစိတ်မလည်လာဘူးလို့မပြောနိုင်ဘူး... ဒါပေမဲ့ သူမရှေ့က ကောင်လေးက အသက်ကြီးပေမဲ့ သူမလောက် လောကကြီးထဲက လူတွေအကြောင်း နားမလည်သေးပေ ပြောရမယ်ဆိုရင် ဒီအရှေ့ကတစ်ယောက်ရဲ့ အတွေ့အကြုံက ကလေးသာသာပဲ ရှိသေးတယ်... ဟင်းဟင်း... သူမစိတ်ထဲမှာပြုံးလိုက်ပြီးတော့... သူမနောက်ကိုနည်းနည်းဆုတ်လိုက်တယ် သူမရဲ့ အသားအရည်တွေ အပူ လောင်သွားရင် ရုပ်ဆိုးသွားလိမ့်မယ်လေ... မိန်ကလေးတွေက အလှအပကို သူတို့အသက်ထက် တန်ဖိုးထားကြတာကြောင့်ဖြစ်တယ်...သူမနဲ့ ဟင်းရည်အပူတွေ မထိနိုင်တဲ့ နေရာနားရောက်မှ သူမကျန်ကျန့်ဆိုတဲ့ ကောင်လေးရဲ့လက်ထဲက ဟင်း ရည်ပန်ကန်ကို ကောင်လေးကောင်လေးဘက်ကို ပုတ်ထုတ်လိုက်တော့တယ်... အဓိက ကတော့ အရမ်းချောပြီးချစ်စရာကောင်းနေတဲ့ မျက်နှာနဲ့ ဖြူဝင်တဲ့အသားအရည်ပင်ဖြစ်တယ်... ရှောင်ကျန့်လည်း အဖြစ်အပျက်က မြန်လွန်းတာကြောင့် ကြောင်ပြီး ကြည့်နေမိပြီးမှ မျက်နှာလေးကို မထိအောင်လက်ကလေးနဲ့ ကာလိုက်မိတယ်...
"အား..."
"ခွမ်း..."
မီးဖိုးခန်းထဲက ဆူညံသံတွေကြောင့် Wangသခင်မကြီးနဲ့ သခင်ကြီး တို့လည်းပြေးလာတော့တယ်...
"ဘာဖြစ်တာလဲ.... ကျန်ကျန့်လေးဘာဖြစ်သွားလို့လဲ သားငယ်... ကျန်ကျန့်လေး ဘာဖြစ်သွားတာလဲ မာမီရင်ထိတ်လိုက်တာ..."
သူမသားဖြစ်သူ Yiboကို မေးမိတာဖြစ်တယ်... သူမတို့ မီး ဖိုခန်းထဲရောက်တော့ ရှောင်ကျန့်လေးက သားဖြစ်သူရင်ခွင်ထဲရောက်လို့နေတော့တယ်...ဘေးနားမှာလည်းဟင်းရည်ပန်း ကန်အကွဲတွေက ပြန့်ကျဲလို့နေတယ်... ရှောင်ကျန့် ဟင်းရည်ပန်းကန်နဲ့ အရည်တွေက သူကိုယ်ပေါ်ကို ကျလာတာကြောင့် ရှောင်ဖို့သတိမရဘဲ လက်နဲ့ကာပြီးတော့ မျက်လုံးကို မှိတ်ထားမိလိုက်တော့တာဖြစ်တယ်... Yibo ရေမိုးချိုးပြီးတော့ ထမင်း စားခန်းထဲဝင်လာတော့...ဟင်းရည်အပူတွေမှောင်ကျလာတာကို မျက်လုံးမှိတ်ပြီး မတ်တပ်ရပ်နေတဲ့ ရှောင်ကျန်ကြောင့် စိုးရိမ်ပြီးတော့ ပခုံးကနေ ဆောင့်ဆွဲလိုက်တာတော့တာဖြစ်တယ်... ကိုယ်သေးသေးလေးက သူရင်ခွင်ထဲအရုပ်ကလေးလို ပါလာတော့တယ်... သူရင်ခွင်ထဲက ယုန်ပေါက်ကို မလွတ်ပဲနဲ့ မာမီအား....
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fanficယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...