အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.9K 100 18
                                    

အပိုင်း (14)

ရှောင်ကျန့်က သူမမေးတာကို မဖြေပေမဲ့... တဆတ်ဆတ်တုန်းနေတဲ့ ကိုယ်လုံးသေးသေးလေးကြောင့် သူမကို အရမ်းကြောက်နေတာ သိသာစေတယ်... ဒါကြောင့် ပြုံးလိုက်တော့တယ် စိတ်ထဲကနေပြီးတော့....

"ကောင်းတယ်... ကောင်းတယ်... နင့်နောင်ကို ဒီထက်ပိုပြီးကြောက်ရွံထိတ်လန့်နေရမယ်.... မုန်းလိုက်တာ နင့်မျက်နှာက နင့်အမေနဲ့တူနေတယ်ဆိုတဲ့ အချက်နဲ့တင် ငါနင့်ကိုမုန်းဖို့လုံ လောက်သွားပြီး နင့်က သူမရဲ့သားဖြစ်တယ်ဆိုတဲ့ အချက်နဲ့တင် ငါနင့်ကို နှိပ်စက်တာကရက်စက်ရာမကျသေးဘူး... မိန်း မယုတ် ယောင်္ကျားတကားကို မြူစွယ်တဲ့ မိန်းမ... အပျက်မ လင်တစ်ယောက်လုံးရှိနေတာတောင်တခြားယောင်္ကျားကို မြူစွယ်တဲ့ ဟာမ.... နင့်ကို ဘာမှလုပ်လို့မရပေမဲ့ နင့်သားက နင့်အစားပြစ်ဒဏ်ခံစားစေရမယ်...."

ရင်ထဲမှာ ပိုမုန်းတီးလာမိတယ်...ပြီးတော့ သူမသိတယ် ရှောင်ကျန့်လို ကလေးမျိုးကို သူမဘယ်လို ထိန်းသိမ်းရလဲဆိုတာ ကောင်းကောင်း သိပြီးဖြစ်တယ်... ရှောင်ကျန့်ဆိုတဲ့ ကောင်လေးက နူနူညံညံလေးနေတက်ပြီး သူအစ်ကိုကလည်း သူညီလေးကို အိမ်မှာ အရုပ်လေးတစ်ရုပ်လို ဘာမှမခိုင်းဘဲ သူကပဲအကုန်လုပ်တာဖြစ်တယ်... ထမင်းဟင်းကအစ သူပဲချက်ပြီး အိမ်သန့်ရှင်းရေးတောင် အစ်ကိုလုပ်သူက လုပ်ပေးတာဖြစ် သည်... ဒါကြောင့် လက်ကလေးတွေကအစ ဖြူပြီးအုနေတာကို မနာလို ဖြစ်မိတာကြောင့် တမင် အသားမဲတဲ့ အရည်တွေလိမ်းပေးထားတာဖြစ်တယ်... အဲ့ဒီလိမ်ဆေးက အက်ဆစ်ပါတာကြောင့် အသားအရေးအတွက် မလိမ်တာကောင်းတယ်လို့ ပြောပေမဲ့ ဘာဖြစ်လဲ သူမလိမ်းမှာ မဟုတ်ဘူးဒီကောင်လေး အသားပဲ ဖြစ်မှာ ဖြစ်ပါစေပေါ့.... ဟင်း... ဟင်း...ဒီကောင်လေးကို ရွှေလိုဥထားတာ သိပြီးသားဖြစ်တယ်... အဲ့ဒီလိုပိုးမွေးသလို မွေးထားတဲ့ ကလေးတွေက ပြင်ပလို အန္တာရာယ်များတဲ့ နေရာမှာဘယ်လိုနေထိုင်ရမလဲဆိုတာ သိတာမဟုတ်ပေ.... လူတွေဘယ်လို စိတ်သဘောထားရှိတယ်ဆိုတာ နားလဲမှာမဟုတ်ဘူးဆိုတာ သူမသိတယ်... ဒီအချက်တွေကြောင့်ပဲ ရှောင်ကျန့်ကို သူမတို့ကောင်းကောင်းထိန်းချုပ်ပြီး အနိုင်ကျင့်လို့ရတာဖြစ်သည်... လူသဘာဝအတိုင်းကိုယ်ကို အရမ်းကြောက်နေတဲ့သူကိုပိုပြီးတော့ ကြောက်တက်အောင် ချောက်တက်ကြတာ သဘာဝပင်... သူမရှောင်ကျန့်ကိုမြင်ရင်ဟိုတစ် ယောက်ယောက်မျက်နှာကိုပြေးမြင်မိတာကြောင့်ဒေါသက အ လိုလိုထွက်လာတော့တယ်...သူမကြည့်လေ ပိုတူလေ ဖြစ်နေ
တာကိုက သူမကို လှောင်နေတဲ့ အတိုင်းခံစားရမိတာကြောင့် အမေတူတဲ့ နင့်ရဲ့ ရုပ်ကိုပဲ အပြစ်တင်တော့... နင့်အမေလုပ်ခဲ့သမျှအပြစ်တွေအကုန်လုံးကို နင်ပဲ ခံစားရမယ်ရှောင်ကျန့်... သူမ နာကျည်းချက်တွေနဲ့ ရှောင်ကျန့်ရဲ့ မျက်နှာနုနုလေးကို ပိုပြီး အားထည့်ညစ်လိုက်တယ်... သူမသာလက်ဖယ်လိုက်ရင် တောင်မျက်နှာနုနုလေးမှာ လက်ရာကြီးကျန်ခဲ့လောက်မယ်လေ....

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now