အပိုင်း (7)
ရှောင်ကျန့် ခြံထဲဆင်းသွားမှပဲ သူတို့သားအမိတွေစကားကို ဆက်မိကြတော့တယ်... သားအမိနှစ်ယောက်ကတော့သူတို့ပြောနေတာတွေကို ရှောင်ကျန့် ကြားသွားမှာ မလိုလားတာကြောင့်လဲဖြစ်ပေမဲ့... ရန်မင်းကတော့ တပ်မက်မှု အပြည့်နဲ့ ရှောင်ကျန့်ကို အရသာခံကြည့်နေမိတယ်.... ဒီကောင်လေးက ရုပ်သာဆိုးတာ ဒါပေမဲ့လည်း သူလိုလူကို ငြင်းတားကပင် ဆွဲဆောင်မှုတစ်ခုဖြစ်နေပြီလေ ဒီကောင်လေးနဲ့သာ တစ်ရက်လောက်အတူတူနေကြည့်လိုက်ရင် ကောင်းမလား....သူရှောင်ကျန့် ခြံထဲရောက်သွားတဲ့ အထိမျက်လုံးက လိုက်ကြည့်နေပြီမှ မာမီတို့စကားပြောနေတဲ့ ဆီမျက်လုံးပြန်ရောက်လာတော့ သူကိုစကားပြောရင်း ကြည့်နေတဲ့ မားရဲ့ မျက်ဝန်းနဲ့ ဆုံတာကြောင့် သူမလုံမလဲနဲ့ ရှက်ပြုံးပြုံးမိတော့တယ်.... သူရှောင်ကျန့်ကို လိုက်ကြည့်နေတာ မားမြင်သွားတာလားတွေးမိလိုက်တော့တယ်.... သားနဲ့အမေမျက်လုံးချင်း စစ်ခင်းနေတုန်းမှာပဲ သမီးဖြစ်သူက...."မာမီပါ မာမီယောင်္ကျားဘက်ကို လိုက်ပြီးမပြောနေနဲ့...သမီးက တစ်ခါတစ်လေလောက်ပဲ သူနဲ့ အိပ်တာလေကိုများ ကိုကိုဆိုရင် အမြဲတမ်းမိန်းမတစ်ယောက်မဟုတ် တစ်ယောက်နဲ့ ညတိုင်းအိပ်နေတာကို ကိုကိုကို ကြတော့မပြောဘူး.... သမီးကိုကြတော့ အပြစ်တင်ချင်နေတာလား... မာမီတို့မတရားဘူးနော်..."
"ဟဲ့....မိန်းကလေးတစ်ယောက်က ဒီလိုစကားကို ပြောစရာလား အရမ်းရှက်ဖို့ကောင်းတယ်... နင့်အစ်ကိုက ယောင်္ကျားလေး သူကိုသူ ထိန်းနိုင်တယ်... နင့် ဒယ်ဒီရှေ့မှာ နောက်တစ် ခါ ဒီလိုစကားမျိုး သွားပြီး မပြောမိစေနဲ့ ကြားလား..."
"ညီမလေးကိုယ်ကိစ္စကို မနိုင်ပဲနဲ့ ငါ့ကို ဆွဲထည့်ဖို့မစဥ်စားနေနဲ့ ပြီးတော့ ငါက ယောင်္ကျားလေး ဗိုက်မကြီးနိုင်ဘူးလေ... နင့်က မတူဘူးလေ ပြီးတော့မိန်းကလေး နင့်ကိုယူမဲ့ဟို ယောင်္ကျားက အရှူးဖြစ်နေလို့ နင့်ကိုလက်ခံတာ ငါသာဆိုရင် နင့်လို မိန်ကလေးနဲ့ လက်ထပ်မှာမဟုတ်ဘူး... ငါ့တို့တွေက ကိုယ်သာရှုပ်ချင် ရှုပ်မယ် ကိုယ်လက်ထပ်မဲ့ သူကလုံးဝ အပြစ်အ နာအဆာ ကင်းနေတာပဲလိုချင်တာသိရဲ့လား... "
YOU ARE READING
အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)
Fiksi Penggemarယုန်ဖြူလေးကို အမဲဖြတ်မဲ့ ဝံပုလွေတွေရန်ကနေ ဒီရင်ခွင်က ထီးလိုအုပ်မိုးပြီး တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးမဲ့သူပါ..... Wang Yibo Wang Yibo... ငါလေ မင်းကို တဖြည်းဖြည်းနဲ့ ချစ်မိလာမိပြီထင်တယ်.... ငါ့ကို မျှော်လင်...