အမုန်းဖြင့်လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ်(U+Z)

1.7K 92 12
                                    

အပိုင်း (16)

2ပတ်ခန့်ကြာပြီးနောက်....

ယုချန်လျန် တစ်ယောက်တော်တော်ဒေါသထွက်နေမိတော့တယ်... ဒီ Wang အိမ်တော်ရောက်ထဲက သူမ ရှောင်ကျန့် ကို နှိပ်စက်ဖို့ တွေးလိုက်တိုင် တွေးထားသမျှ အကုန်လုံးပျက်တာကြီးပင်... Wang Yiboဆိုတဲ့ အရှူးကလည်းတကယ် ရှူးနေတာရော ဟုတ်ရဲ့လားမသိပေ... သူမ ကြံစည်သမျှ အ ကြံအစည်တွေကို Wang Yiboက တစ်ခုမဟုတ်တစ်ခု လုပ်ပြီးတော့ ဖျက်နေတာပင်... Wang Yibo အပေါ်ယံကြည့်ရင်သာ သူမကို ချစ်လိုက်တာဆိုပြီးတော့... တကယ်တန်း ယင်ယွဲ့ အမည်ခံကောင်ရှောင်ကျန့်ကို ကာကွယ်ပေးနေတာကြီးပင်... Wang Yiboကို ရှူးနေတယ်ဆိုတာသိပ်ပြီးတော့ ယုံကြည်လို့မရတော့ပေ... ဒါမှမဟုတ် ဟန်ဆောင်နေတာများလား...  ဒါဆိုရင်တော့သူမတို့ကိုယ်လည်ပင်ကို ကိုယ်ကြိုးကွင်းစွတ်သလို ဖြစ်သွားပေလိမ့်မယ်... ပြီးတော့ ရှောင်ကျန့်ကိုကောင်းစားသွားအောင်လုပ်ပေးလိုက်သလိုဖြစ်သွားနိုင်တယ်... ဒီလိုမျိုသာဖြစ်သွားမယ်ဆိုရင် ရှောင်ကျန့်ကို တစ်ခါထဲ လူလောကထဲက နှုတ်ဆက်သွားအောင် လုပ်ပစ်ရမယ်... သူမWang Yiboရှူးတဲ့ ကိစ္စကိုစုံးစမ်းမှဖြစ်တော့မယ်... အခုတော့ Wang သားအမိနှစ်ယောက်လုံး အိမ်မှာ
မရှိကြတာကြောင့် သူမ ရှောင်ကျန့်ကို ဘယ်လို ပညာ​ပြပြီး
နှိပ်စက်ရမလဲတွေးနေမိတုန်းမှာပဲအပြင်ကအခန်းတံခါးခေါက် သံကြောင့် သူမမျက်ခုံးပင်ပြီးတော့ မကျေမနပ်ဖြင် အခုမှ ရှောင်ကျန့်ကို ဒုက္ခပေးဖို့ကြံစည်နေတုန်းပဲရှိသေးတယ်... အဖျက်သမားက ပေါ်လာပြန်ပြီ ဒေါသဖြစ်ဖြစ်ဖြင့် အခန်းတံခါးကို ဆွဲဖွင့်ပြီးတော့ ....

"ဘာလဲ.... ဘာကိစ္စရှိလို့လဲ... ပြောအိပ်နေတာကို အရမ်းနှောက်ယှက်တာပဲ..."

သူမ ဒေါသကြောင့် အလုပ်သမားလေးကို အော်လိုက်တော့... အလုပ်သမားလေးလန့်သွားပြီး သူမကို ပြူးကြည့်နေတာကြောင့်....

"ဘာကြည့်နေတာလဲ... ခေါ်ပြီးရင် စကားပြောမှပေါ့...."

"ဟို...တောင်ပန်းပါတယ်... အောက်ထပ်ကမှာလွှီသခင်မကြီးတို့ရောက်နေတာကြောင့် Wang သခင်ကြီးက လာပြီးတော့ ပြောခိုင်လိုက်လို့ပါ... "

အမုန်းဖြင့် လွှမ်းခြုံထားသော ချစ်ခြင်းပင်လယ် (Season 1)Where stories live. Discover now