Chapter-9(Goodbye)

4.6K 205 1
                                    

Unicode
(9)Goodbye

"ငရှားငြိမ်နေပါလား...ဘာဖြစ်နေတာလဲ ပျော်ပျော်နေစမ်းပါ"
"ငါကမငြိမ်လို့ ထက နေရမှာလား"

"ဟဟ..အေးမင်းမှန်တယ် စည်သူ သွားမေးတဲ့မင်းကိုကမှားတာ"
သူတို့သူငယ်ချင်း၄ယောက် night bar တစ်ခုကို
ရောက်နေကြတယ်all black ဝတ်စုံနဲ့ ရှားမှူးစစ်ဟာ
ပျိုမေတွေရဲ့အာရုံကို သိမ်းပိုက်ထားလေတယ်

"မင်းကျောင်းမလာတာအရေးမကြီးဘူး..ပြဿနာကဂျူနီယာမလေးတွေကလာလာပွါးနေတာကွ..မင်းကျောင်းတက်မှငါတို့နားအေးမှာသိလား"

"ဒီကောင့်ကိုပြောမနေနဲ့တော့ ဆရာမတောင်မပြော
နိုင်လို့ ဘာမှမပြောဘူး"

"မင်းတို့ကောင်တွေမနာလိုဖြစ်မနေနဲ့ ဒါကကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲ.."

"အေးပါပြောမိတဲ့ငါကအမှား"

ဟ...ဟဟား
"ဟုတ်သားပဲစည်သူ ငါမေးမယ်ဆိုပြီးမေ့နေတာ
ပိုးပိုးအကြောင်း မင်းညီမဆီကဘာကြားသေးလဲ"

"ငါလဲဘာမှမကြားမိဘူးကွ ငါ့ညီမအကြောင်းလဲမင်းသိပါတယ် သူငယ်ချင်းကမပြောနဲ့ဆိုပြောတတ်လို့လား... နိုင်ငံခြားသွားမယ်ထိဘဲပြောပြတယ်လေ
နိုင်ငံတောင်မပြောပြဘူး အဲ့ဟာလေးက"

"မင်းတို့ဘာတွေပြောနေတာလဲ"

"မင်းကကျောင်းမတက်တော့ဘယ်သိမလဲ လွန်ခဲ့တဲ့၂ပတ်လောက်ကလေ မင်းကျောင်းနာက်ဆုံးတက်
တဲ့နေ့လေ..အေးအဲ့နေ့ညနေကတဲ့ ပိုးပိုးအဆောင်
ရှေ့မှာမေ့လဲနေလို့လေ ဆေးရုံပို့လိုက်ရတယ်တဲ့"

"ငါ့ဦးလေးကအာရှတော်ဝင်က အရိုးအထူးကုလေ
ငါနဲ့လင်းခန့်လဲစပ်စုချင်လို့ သွားမေးစုံစမ်းခိုင်းတာကွာ ဒါပေမဲ့ဆေးမှတ်တမ်းတွေ အမှောင်ချထား
တယ်တဲ့လေ လုံးဝစုံစမ်းလို့မရဘူးကွ"
"ပြီးတော့ ဒီမှာလဲမနေတော့ဘူးကြားလို့လေ"
"အဲ့တာကြောင့် ရတီများသိမလားလို့မေးတာ"

ရှားမှူးစစ် မျက်ခုံးပင့်မိသွားတယ် ဘာရောဂါမို့လို့ဖုံးထားရတာလဲ ရောဂါကြောင့်ပဲသူမလေးပြောင်းလဲ
သွားတာများလား
'မတွေးနဲ့ရှားမှူးစစ် မင်းကိုသူမကဒုက္ခ ပေးနေတဲ့သူ'
'သူမကို မင်းမချစ်ရဘူး မုန်းပဲမုန်းရမှာ'
'ဟုတ်တယ်အပျော်မယ်ကိုသုံးပြီးတောင်ငါ့ကိုသိက္ခာ
ချဖို့ ကြိုးစားခဲ့တဲ့သူ'

မေ့မရနိုင်သူWhere stories live. Discover now