Unicode
(33) I want a baby
~ကျီ...ကျီ..ကျာ..ကျာ~
ငှက်အော်သံနဲ့အတူထွက်ပေါ်လာတဲ့နေအလင်းရောင်
တစ်ချက်ချက်နဲ့မြည်နေတဲ့နာရီသံနဲ့အတူ တိုးဝင်လာတဲ့အေးမြတဲ့လေပြည်ညှင်း ၊အနည်းငယ်ပွင့်ဟနေတဲ့လိုက်ကာကြားကနေတိုးဝင်လာတဲ့ နေရောင်ခြည်
ကြောင့် အခန်းတွင်းကို အနည်းငယ်လင်းသွားစေ
သည့်နယ်
မီးခိုးရောင်ကုတင်ထက်တွင်ငြိမ်သက်စွာအိပ်ပျော်
နေသူနှစ်ဦးဟာကြားလေတိုးမရအောင်ပူးကပ်နေကြ
တယ်။ရှားမှူးစစ်ရဲ့ရင်ခွင်ထဲမှာကလေးလိုထွေးပွေ့ခံထားရတဲ့မိန်းကလေးတစ်ယောက် ရှိနေတယ်။ဒါပေမဲ့ သေချာကြည့်ရင်တော့ပိုးပိုးမြတ်ကိုဖက်ခေါင်းအုံး
ကဲ့သို့အားကိုးရာသဖွယ်ဖက်ထားတဲ့အမျိုးသားကို
တွေ့ရနိုင်တယ်။နှိုးစက်လိုအချိန်မှန်ပွင့်လာတဲ့မျက်တောင်တွေ
မြင်တွေ့လိုက်ရတဲ့အသားရောင် မျက်နှာပြင်ကြောင့်
မျက်မှောင်ကြုတ်ရင်းရွေ့ဖို့ကြိုးစားလိုက်မှ လှုပ်မရ
တဲ့အခြေအနေကြောင့် သေချာကြည့်လိုက်တော့မှ
'အာ အကို့ရင်အုပ်ပဲ'
ခိုင်မာတောင့်တင်းတဲ့အကိုရင်အုပ်ကိုအနည်းငယ်ထိတွေ့ရင်း မနေ့ကဖြစ်ရပ်ကိုသတိရသွားတယ်။အကို့မျက်နှာကိုမော့ကြည့်ဖို့ခေါင်းရွေ့တော့ ရွေ့မရဖြစ်
နေတာကြောင့် ပိုးပိုးတစ်ချက်ရီလိုက်ရင်း အကို့ကျောကိုဖွဖွလေးပုတ်နေလိုက်တယ်"အကို...အကိုနိုးနေတာသိတယ်နော်၊လွှတ်အုံးလေ"
ပိုးပိုးငြိမ်နေတဲ့အကိုကြောင့် မျက်စိရှေ့က ရင်အုပ်
ကိုကိုက်လိုက်တော့တယ်"အ.."
"အိပ်အုံး၊စောသေးတယ်"
သူမလေးရဲ့ဆံနွယ်ကိုဖွဖွပွတ်ရင်း တစ်ရှိုက်မက်မက်
နမ်းနေမိတယ်"ဘာကိုစောတာလဲ၊လွှတ်လို့ဆို"
"မရှက်ပါနဲ့..အကို့ကိုမလှောင်ပါဘူး"
ကြည့်ရတာ မနေ့ကငိုတာကို ပိုးလှောင်မယ်ထင်ပြီး
လွှတ်မပေးတာဖြစ်လိမ့်မယ်
သူမပြောလိုက်တော့ ဖွင့်ဟလာတဲ့ လက်မောင်းတွေ၊
သူမမော့ကြည့်တော့ နှုတ်ခမ်းကိုတစ်ချက်နမ်းပြီးထ
ထိုင်တဲ့အကို"ဟာ...သွားမတိုက်ရသေးဘဲနဲ့လာလာမနမ်းနဲ့လို့"
မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ကုတင်ကိုမှီထိုင်
နေတဲ့အကို့ဘေးနားမှာကိုတိုးသွားလိုက်တယ်
အကို့ပေါင်ပေါ်ခေါင်းအုံးလိုက်ရင်းခါးကိုဖက်လိုက်
တော့ အလိုက်သင့်လေးသူမခေါင်းကိုပွတ်လာသူ
ခါးပေါ်ကဘယ်ဘက်လက်ကိုသူ့ဘယ်ဘက်လက်နဲ့
ယှဉ်တွဲရင်းဆုပ်ကိုင်လာတဲ့အကိုကြောင့် အကို့ကိုမော့ကြည့်ရင်း
"ဘာဖြစ်လို့လဲဟင် မနေ့ညကအိမ်မက်ကြောင့်လား
ဘာမက်လို့လဲ၊ပိုးကိုပြောပြလေ"
YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......