Chapter -36(Sudden Attack)

2.3K 117 4
                                    

Unicode

(36) Sudden Attack

"ကိုကမင်းလိုက်သွားပြီတောင်ထင်နေတာ"

"အစကလိုက်မလို့ပါဘဲ အမေက မနက်ဖြန်ကောင်း
မြတ်နဲ့မှတူတူလိုက်ခဲ့ဆိုလို့"

"ကောင်းမြတ်ဆိုမှ မင်းမောင်လေးနဲ့ဒီနေ့တွေ့ဖြစ်
သေးတယ်၊သူပြောသေးလား"
ကားအတွင်းဘေးချင်းကပ်ထိုင်ရင်း ရှားမှူးပိုးပိုးရဲ့
ညာဘက်လက်လေးကိုကိုင်ပြီးမျက်နှာကြည့်ရင်း
စကားထိုင်ပြောနေခဲ့တယ်
ပိုးပိုး အကို့ကိုကြည့်နေမိတယ်၊ပြောတာပေါ့ အထူး
သဖြင့်မှူးမှူးပေါ့ ပါးစပ်ကနေကိုမချဘူး၊မာမီကဦးဦး
ကိုမြင်ဖူးတာပေါ့နော်၊ဘယ်တုန်းကလဲဘာလဲနဲ့မေးနေတာ၊နောက်မှဖိုးလေးကိုတွေ့ပြီးတာနဲ့ U.Sကိုသွားလည်ကြမယ်လို့စကားပြောင်းလိုက်မှပဲအာရုံပြောင်း
သွားတာ
"အင်း၊ပြောတယ်"

"ဟုတ်သားပဲ၊ဟိုကလေးလေးတွေနဲ့လဲတွေ့သေး
တယ်၊ပိုးတို့သူငယ်ချင်းဆိုလား၊တကယ်ချစ်ဖို့
ကောင်းတယ်၊လုံးဝကိုလူမကြောက်ဘူးနော်"

"ဟုတ်တယ်၊သူတို့လေးတွေကလေသူစိမ်းဆိုပြီးကြောက်လန့်နေတာတွေဘာတွေမရှိဘူး"

"ပိုးကြည့်ရတာအဲ့ကလေးတွေနဲ့ရင်းနှီးတယ်ထင်
တယ်၊သူတို့အကြောင်းပြောတာနဲ့မျက်နှာလေးက
ပြုံးသွားတာပဲ၊ကိုနဲ့တောင်အဲ့လိုချက်ချင်းမပြုံးဘူး"

"ဟုတ်လား၊ပိုးပဲမဟုတ်ပါဘူး အကိုလဲသဘောကျနေတာပဲကို၊ပုံမှန်ဆို ကလေးတွေအကြောင်းပြော
ဖူးလို့လား"

"အင်းနော် ကိုလဲဘာလို့လဲမသိဘူး သူတို့လေးတွေ
ကိုမြင်တာနဲ့လေ စိတ်ထဲမှာတစ်မျိုးခံစားရတယ်
တစ်ခုခုကိုလေ...အွန်းဘယ်လိုမျိုးလဲတော့မသိဘူး"

ရင်ဘတ်ကိုလက်နဲ့အုပ်ရင်း တစ်ခုခုကိုအဖြေရှာနေ
တဲ့အကို၊
'ငါပြောပြလိုက်ရတော့မလား'
ပိုးအတွေးလွန်နေတာနဲ့ ကားရပ်သွားတာတောင်သတိမထားမိလိုက်ဘူး ၊အကိုက ပိုးကိုလက်ပုတ်ရင်း
သူအရင်ဆင်းမယ်လှမ်းပြောတယ်
"ကိုဆင်းလိုက်မယ်"
တံခါးဖွင်းရင်းဆင်းဖို့လုပ်နေတဲ့အကို့လက်မောင်းကို
လှမ်းဆွဲလိုက်တော့ သူမကိုပြန်လှည့်ကြည့်တယ်
"ပိုးလေ အကို့ကိုပြောစရာရှိတယ်"

မေ့မရနိုင်သူWhere stories live. Discover now