Unicode Ver
(22)Happy birthdayရဲရဲတောက်နေတဲ့အိမ်ရဲ့မီးလျှံတွေကြားထံမှာ အကူညီတောင်းခံနေတဲ့အသံတစ်သံ မီးတွေကြားထဲတိုး
ဝင်လာပြီး ပိတ်ခံထားရတဲ့အခန်းကို လာဖွင့်ပေးနေတဲ့သူတစ်ယောက်
"အား.....ဖွင့်ပေး....အယုတ်တမာကောင်ငါ့ကိုတံခါးဖွင့်ပေးစမ်း...အဟွတ်..."~ဂျောက်~
ပွင့်သွားတဲ့တံခါးနဲ့အတူမြင်လိုက်ရတဲ့ပုံရိပ်က"လာသမီးလာအမြန်လာ ......အဟွတ်..."
"ဘာ.....ဘာလို့ရှင်လဲ....."
ဘာလို့များအလိုအပ်ဆုံးချိန်မှာကူညီတဲ့သူက
မမြင်ချင်ဆုံးသူဖြစ်နေရတာလဲ....
သူမလဲသိပ်မတွေးတော့ပဲ ထွက်ပေါက်ကိုဦးတည်ပြီး
ရှေ့ကသွားနေတယ်မြင်မြင်သမျှအရာရာတိုင်းဟာ နီရဲလောင်ကျွမ်းနေတယ် လှေကားကနေအောက်ကိုဆင်းလာတော့ နံရံမှာချိတ်ထားတဲ့လောင်ကျွမ်းနေတဲ့ ဓာတ်ပုံဘောင်
ဘောင်ထဲကပုံမှာတော့ ပျော်ရွှင်နေတဲ့သတို့သားသတိုးသမီးရှိနေတယ် ကူးစက်လာတဲ့မီးတွေကြောင့်
တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့အပြုံးတွေနဲ့အတူ ပြုတ်ကျသွားတဲ့ဓါတ်ပုံ
"ဟက်....ဟားဟား....."
လှောင်ရီမိတယ်"လာပါသမီးရယ် ကြည့်မနေပါနဲ့တော့....အဟွတ်..
အပြင်အရင်ထွက်ရအောင်ပါ"
သူမကိုအသာတွန်းပြီးသွားခိုင်းနေတဲ့အမျိုးသမီး
ကြောင့်ရှေ့ကိုဆက်သွားနေမိတယ်ဧည့်ခန်းကျော်ပြီး တံခါးပေါက်ကိုတွေ့နေတော့
အမြန်လျှောက်ပြီးသွားလိုက်တော့တယ်~guuu.......phong...~
"သမီးလေး....အား"
လျှပ်တစ်ပြတ်အတွင်းမှာ ပြုတ်ကျသံနဲ့အတူတွန်းထုတ်ခံလိုက်ရတဲ့သူမ အသိစိတ်ဝင်တဲ့အချိန်ကြည့်မိတော့ ထုတ်တန်းကအလှဆင်သစ်လုံးအောက်မှာ
ပိနေတဲ့ အမျိုးသမီး"အား....ကယ်ကြပါအုံး .....ဒီမှာ ထပါအုံး.....ဘာလို့လဲ ဘာလို့ကျွန်မလဲ....တောင်းပန်ပါတယ်....
ကယ်ကြပါအုံး"
သစ်သားကိုတွန်းဖယ်ပြီး ထိုအမျိုးသမီးကိုပေါင်ပေါ်
တင်ပြီးလှုပ်နှိုးနေတဲ့သူမ....ပွင့်လာတဲ့လေးလံနေတဲ့မျက်ခုံးနေတဲ့အတူ သူမ
လက်ကိုလာဆုပ်ကိုင်လာတယ်
"သမီး...ဟွတ်....ကောင်းကောင်းရှင်သန်ရမယ်နော်
....အန်တီကိုလဲမမုန်းပါနဲ့...အဟွတ်.."
YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......