Unicode
(10)စွဲလမ်းခြင်းနဲ့အချစ်"အေးပါ...နောက်မှပြောကြတာပေါ့ရတီရေ"
"Oki ငါနောက်မှခေါ်လိုက်တော့မယ် တာ့တာ"
Laptop ကိုပိတ်ပြီး အပြင်ရှုခင်းကိုကြည့်မိတယ်
သူမ japan ကိုရောက်တာ၇လရှိနေပြီ အစပိုင်းက
အဆင်မပြေပေမဲ့ ခုတော့နေသားကြသွားပါပြီသူမကအပြင်မှာအခန်းငှါးနေတယ် သူမရဲ့အခန်းဖော်ကလဲ မြန်မာဆိုတော့ပိုအဆင်ပြေသွားတယ်လေ
သူမအခန်းဖော်နာမည်ကMay Layတဲ့ ဒီကလူတွေကတော့ May ပဲခေါ်ကြတယ် ဂျပန်တွေကမြန်မာတွေလို လေး ကိုမပီကြဘူးလေ သူမထက်၁နှစ်ကြီးတယ် အဲ့အမကသဘောလဲကောင်းတယ် သူမကိုလဲ
ဂရုစိုက်ပေးတယ်
တစ်ခုပဲအမMayမျက်နှာကိုကြည့်ရတာတစ်ယောက်
ယောက်နဲ့တူနေတယ် ဘယ်သူလဲမသိတာပဲ ပြီးတော့
အမmay ကmodelကျောင်းကိုတက်နေတာလေ
အိမ်ကသဘောမတူတာကိုအတင်းလာတက်တာလေ
သူမအတွက်တော့အမတစ်ယောက်ရသလိုပါပဲလေသူမကတော့ဒီမှာ Business Marketing ကိုဆက်
တက်နေတယ် သူမဒီရောက်ပြီး၁လကြာမှ တက်ရ
တယ်လေ ပြီးတော့ဒီမှာက ကိုယ်ဝန်သည်ဆိုပြီး
လှောင်ကြတာမရှိတဲ့အပြင်ကို သူမကိုဂရုစိုက်ပေးကြတယ်
ဒီမှာသူမကYuriဆိုတဲ့နာမည်နဲ့ကျောင်းတက်သလို
ရင်းနှီးတဲ့အမmayကိုတော့ Eaint လို့ခေါ်ခိုင်းတယ်
မြန်မာတော်တော်များများက နာမည်ရင်းမပြော
ဖြစ်ကြဘူးလေ အမmayလဲသူ့နာမည်ရင်းမပြောပြဘူးလေ အမပြောတာတော့ Myanmar မှာတွေ့မှ မြန်မာနာမည် ပြောရမယ်တဲ့လေသူမရန်ကုန်နဲ့လဲ အဆက်သွယ်မပြတ်ပါဘူး
ဖေဖေနဲ့မေမေကလဲ ကြားထဲမှာတစ်ခေါက်လာသေးသလို အားရင်အားသလိုဖုန်းဆက်ကြတယ်
ကိုဦးနဲ့ကလဲ စကားပြောဖြစ်ကြတယ်၊ပြီးတော့ အန်တီမြ နဲ့လဲ၁လတစ်ခါလောက် mailနဲ့ စာပို့
ဖြစ်ကြတယ်အန်တီကလဲပိုးကိုတကယ်ဂရုစိုက်တယ်ရတီနဲ့ကတော့ အားတိုင်း ပြောဖြစ်တယ်
ကောင်းမြတ်ကလဲ အနုပညာကျောင်းမှာပထမနှစ်
တက်နေသလို ကြော်ငြာတွေလဲရိုက်ရတယ်တဲ့Omm.....ကြားရတဲ့သတင်းတွေအရ ကိုကတော့
U.S ကိုသွားလိုက်ပြန်လိုက်နဲ့ကျောင်းပြီးလို့
အလုပ်လုပ်နေတယ်တဲ့ သူ့အဖေကုမ္ပဏီမှာမလုပ်ဘဲ သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီးစီးပွါးရေးကိုယ်တိုင်
လုပ်နေတယ်တဲ့လေ
YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......